ချည်ထည်ကုန်ကြမ်း ဈေးနှုန်းမြင့်တက်နေမှုကြောင့် မိရိုးဖလာ ရက်ကန်းလုပ်ငန်းရှင်များ လျော့နည်းလာ

မန္တလေး ၁၄ မေ 

 

မန္တလေးတိုင်းဒေသကြီး အမရပူမြို့နယ်အတွင်းရှိ ရက်ကန်းလုပ်ငန်းသည် ရှေးယခင်ကတည်းက မိရိုးဖာလာလုပ်ငန်းအဖြစ် စဉ်ဆက်မပြတ် ရက်လုပ်လာကြသည့် လုပ်ငန်းရှင်များဖြစ်ကြသော်လည်း ယခုအချိန်တွင် ချည်ထည်ကုန်ကြမ်းဈေးနှုန်းများ တစ်နှစ်ထက်တစ်နှစ် ကြီးမြင့်လာခြင်းနှင့် ရက်လုပ်သည့်အထည်များကို ရောင်းချရာတွင် ကုန်သည်များမှ ဈေးကစားသည့်အတွက် ရက်ကန်းလုပ်ငန်း လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ တဖြည်းဖြည်း လျော့နည်းလာလျက်ရှိကြောင်း သိရသည်။

 

dfdf

 

“လက်ရှိမှာ နှစ်စဉ်လိုလို ကုန်ကြမ်းဈေးနှုန်းတွေက အကျဘက်မှာ ရှိမနေဘဲ တရိပ်ရိပ် မြင့်တက်လာနေတယ်။ ရက်လုပ်တဲ့ အထည်တွေကိုလည်း  ကုန်သည်တွေက ဈေးကစားပြီး ဝယ်ယူနေကြတော့ အရင်းအနှီးများပြီး အမြတ်နည်းတဲ့ လုပ်ငန်းဖြစ်လာတဲ့အတွက် ရက်ကန်းရက်လုပ်တဲ့သူတွေ နည်းပါးလာသလို အလုပ်သမားလည်း ရှားပါးလာတယ်။ အချို့ဆိုရင် လုပ်ငန်းတွေတောင် ရပ်ဆိုင်းသွားခဲ့တယ်။ ဒါကြောင့် ရက်ကန်းလုပ်ငန်းဟာ လက်ရှိအနေအထားအရ နောင်မျိုးဆက်သစ်တွေအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ဆက်လက်တည်ရှိနေဖို့ စိုးရိမ်စရာဖြစ်နေပါတယ်” ဟု ရက်ကန်းလုပ်ငန်းရှင် ဦးအောင်မင်းသန်းက ပြောသည်။

 

dfew

 

အဆိုပါ အမရပူရမြို့နယ်ရှိ ရက်ကန်းလုပ်ငန်းများမှ ပြည်တွင်းထွက် ချည်ထည်များနှင့် ရိုးရာဝတ်စုံများကို အဓိကထုတ်လုပ်ပေးလျက်ရှိရာ လက်ရှိတွင် ကုန်ကြမ်းဈေးနှုန်း ကြီးမြင့်လာမှုနှင့် ဈေးကွက်အခိုင်အမာ မရှိခြင်းတို့ကြောင့် လုပ်ကိုင်သူနည်းပါးလာသဖြင့် တိမ်မြုပ်ပျောက်ကွယ်သွားမည်ကို စိုးရိမ်နေရကြောင်း သိရသည်။

 

အောင်ဖြိုးကျော်