၉ မေ
ယူအီးအက်ဖ်အေ ချန်ပီယံလိဒ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်ကို လီဗာပူး နဲ့ ဘာစီလိုနာ တို့ မေ ၈ ရက် နံနက်ပိုင်းက ယှဉ်ပြိုင်ကစားရာ အိမ်ရှင် လီဗာပူးအသင်း လေးဂိုး-ဂိုးမရှိ ဖြင့် အနိုင်ရရှိပြီး ပွဲစဉ် နှစ်ခုပေါင်း မှာ ၄-၃ ဂိုးဖြင့် ဖိုင်နယ်ပွဲကို တက်ရောက်သွားပါတယ်။

မေ ၉ ရက် နံနက်ပိုင်းက ချန်ပီယံလိဒ် အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ပွဲစဉ်အဖြစ် စပါး နဲ့ အေဂျက်တို့ ယှဉ်ပြိုင်ကစားရာ ၂-၃ ဂိုးဖြင့် ကစားနိုင်ခဲ့ပြီး ပွဲစဉ်နှစ်ခုပေါင်း ၃-၃ ဂိုး စီရရှိကာ အဝေးကွင်းစည်းမျဉ်းအရ စပါးအသင်းဟာ ချန်ပီယံလိဒ်ဖိုင်နယ်ပွဲကို တက်ရောက်သွားပြီဖြစ်ပါတယ်။

အင်္ဂလိပ်ကလပ်အသင်းတွေသာ ချန်ပီယံလိဂ်ဖိုင်နယ်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားမှာ ဖြစ်တဲ့အတွက် ၂၀၁၉ ခုနှစ်ဟာ ဒုတိယအကြိမ်မြောက်လို့ သိရပါတယ်။ ပထမအကြိမ်ကတော့ ၂၀ဝ၈ ခုနှစ်မှာ မန်ယူနဲ့ ချယ်ဆီးတို့ ယှဉ်ပြိုင်ကြရာ မန်ယူအသင်းက ချန်ပီယံဆုဖလား ကို ရရှိခဲ့ပါတယ်။

ဖလားလုပွဲကို စပိန်နိုင်ငံ မက်ဒရစ်မြို့ ရှိ မီထရိုပိုလီတာနိုကွင်း တွင် ဇွန် ၂ ရက် နံနက် အစောပိုင်းမှာ ယှဉ်ပြိုင်ကြမယ်လို့ သိရပါတယ်။
MDN
