၁၄ ဖေဖော်ဝါရီ
ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံး/ထွက် ပထမအကျော့ ပွဲစဉ်များကို ဗုဒ္ဓဟူးနေ့ညပိုင်းက ယှဉ်ပြိုင် ကစား ခဲ့ကြပြီး ရီးယဲလ်မက်ဒရစ်အသင်းနှင့် စပါးအသင်းတို့မှာ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ကြသဖြင့် ကွာတားဖိုင်နယ်အဆင့် တက်ရောက်နိုင်ဖို့ အခြေအနေကောင်းသွားခဲ့သည်။
အေဂျက်စ်အသင်း၏ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့ရသည့် ရီးယဲလ်မက်ဒရစ်အသင်းမှာ အေဂျက်စ် အသင်းကို တစ်ဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးများကို ပွဲချိန် ၆၀ မိနစ်တွင် ဘန်ဇီမာ ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း ပွဲချိန် ၇၅ မိနစ်တွင် ဇီယာ့ရှ်က အေဂျက်စ်အသင်း အတွက် ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့သည်။ ရီးယဲလ်အသင်းအတွက် အဖိုးတန်အနိုင်ဂိုးကို လူစား ဝင်ရောက် ကစားခဲ့သည့် အဆန်စီယိုက ပွဲချိန် ၈၇ မိနစ်တွင် သွင်းယူပေးခဲ့သည်။
အခြားပွဲစဉ်အဖြစ် စပါးအသင်းနှင့် ဒေါ့မွန်အသင်းတို့၏ ပွဲစဉ်တွင် စပါးအသင်းက အိမ်ကွင်းမှာ သုံးဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည်။ စပါးအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၄၇ မိနစ် ဆွန်ဟောင်မင်၊ (၈၃)မိနစ် ဗာတွန်ဂန်နှင့် (၈၆)မိနစ်တွင် လော်ရန်တေးက သွင်းယူပေးခဲ့ကြသည်။
MDN