၁၇  မတ်

၂၀၁၈-၂၀၁၉ ခုနှစ် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်များ ကစားပြီးချိန်မှာတော့ ကွာတားဖိုင်နယ်ပွဲစဉ်များကို မတ် ၁၆ ရက်က ဆွစ်ဇာလန်နိုင်ငံ နိုင်ယွန်မြို့မှာ မြန်မာစံတော်ချိန် ၅ နာရီခွဲက မဲခွဲရွေးချယ်ခဲ့ရာ ရင်ခုန်စိတ်လှုပ်ရှားဖွယ် တွဲဖက်အသင်းတွေ ထွက်ပေါ်လာခဲ့သည်။

မဲခွဲရွေးချယ်ခဲ့ရာတွင် စပါးနှင့် မန်စီးတီး၊ လီဗာပူးနှင့်ပေါ်တို၊ အေဂျက်နှင့်ဂျူဗင်တပ်၊ မန်ယူနှင့်ဘာစီလိုနာ အသင်းတို့ တွေ့ဆုံနေတာကို တွေ့ရသည်။ 

အဆိုပါ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်များကို ဧပြီ ၉ ရက်နှင့် ၁၀ ရက်နေ့များတွင် ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ပြီး  ဒုတိယအကျော့ပွဲစဉ်များကိုတော့ ဧပြီ ၁၆ ရက်နှင့် ၁၇ ရက်များတွင် အသီးသီး ယှဉ်ပြိုင်ကစားသွားကြမည် ဖြစ်သည်။

စပါးနှင့် မန်စီးတီးတို့ပွဲစဉ်တွင် အနိုင်ရရှိသည့်အသင်းက အေဂျက်နှင့် ဂျူဗင်တပ်ပွဲစဉ်က အနိုင်ရရှိသည့် အသင်းနှင့် တွေ့ဆုံမှာဖြစ်ပြီး မန်ယူနှင့် ဘာစီလိုနာအသင်းတို့ ပွဲစဉ်တွင် အနိုင်ရရှိသည့်အသင်းက လီဗာပူးနှင့် ပေါ်တိုပွဲစဉ်မှ အနိုင်ရရှိသည့် အသင်းနှင့် တွေ့ဆုံမည် ဖြစ်သည်။

ယခု ကွာတားဖိုင်နယ်အဆင့်တွင် ပရီမီယားလိဂ်ကလပ်မှ အသင်းလေးသင်းစလုံး တက်ရောက်တာကို တွေ့ရပြီး ပရီမီယားလိဂ် ကလပ်အသင်းနှစ်သင်းဖြစ်သည့် စပါးနှင့် မန်စီးတီးအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာကိုလည်း တွေ့ရသည်။ ထို့ပြင် မန်ယူအသင်းနှင့် ဂျူဗင်တပ်အသင်းတို့ဟာ ရှုံးထွက်အဆင့်မှ ထွက်ခွာရတော့မည့် အနေအထားမှ ကွာတားဖိုင်နယ်ကို တက်ရောက်လာခဲ့ကြတာကိုလည်း အံ့သြသင့်ဖွယ် တွေ့ရှိရသည်။

ဘောလုံးချစ် ပရိတ်သတ်တွေအနေနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားအပြီးမှာ ဘယ်အသင်းတွေ နောက်တဆင့်ဖြစ်သည့် ဆီမီးဖိုင်နယ်ပွဲစဉ်ကို တက်ရောက်သွားမလဲဆိုတာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်နေရဦးမည် ဖြစ်သည်။

MDN