ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်တွေယှဉ်ပြိုင်ကစားပြီးချိန်မှာ ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်တွေကို မဲခွဲဆုံးဖြတ်ခဲ့ရာမှာ လက်ရှိချန်ပီယံပီအက်စ်ဂျီအသင်းက ပရီမီယာလိဂ်ကလပ် လီဗာပူအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
လီဗာပူးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပထမအကျော့မှာ ဂါလာတာစာရေးအသင်းကို တစ်ဂိုး-ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့ပေမယ့် ဒုတိယအကျော့မှာ လေးဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းခွင့်ရရှိခဲ့တာ ဖြစ်ပါတယ်။
လက်ရှိချန်ပီယံလိဂ် ချန်ပီယံ ပီအက်စ်ဂျီအသင်းကတော့ ချယ်လ်ဆီးအသင်းကို အနိုင်ရပြီး ကွာတားဖိုင်နယ်တက်လှမ်းခွင့်ရရှိခဲ့တာဖြစ်ပါတယ်။
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့်မှာ စပိန်လာလီဂါကလပ် အသင်းသုံးသင်းအထိ တက်လှမ်းနိုင်ခဲ့ပြီး ရီးယဲလ်မက်ဒရစ်အသင်းက ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
အခြားသော ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေမှာတော့ လက်ရှိပရီမီယာလိဂ် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်အသင်းက စပို့တင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ဘာစီလိုနာအသင်းကတော့ အက်သလက်တီကို မက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာဖြစ်ပါတယ်။
လက်ရှိမဲခွဲဆုံးဖြတ်ထားတဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့် ပွဲစဉ်တွေကိုတော့ ဧပြီ ၈ ရက်နဲ့ ၉ ရက်တို့မှာ ယှဉ်ပြိုင်ကစားမှာလည်း ဖြစ်ပါတယ်။
ငွေကြယ်


