မုံရွာ ၁၆ ဖေဖော်ဝါရီ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခန္တီး၊ ပင်လည်ဘူး၊ လေရှီးနှင့် နန်းယွန်း မြို့နယ်များတွင် လမ်း၊ တံတားနှင့် ပညာရေး၊ ကျန်းမာရေး၊ ရေရှိရေး၊ အိမ်ရာတည်ဆောက်ရေး၊ သာသနာရေးလုပ်ငန်းများအား ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ငွေကျပ် ၁၈၃၃၇ ဒသမ ၇၂၂ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။ 

 

223

 

နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအတွက် ပြည်ထောင်စုရန်ပုံငွေမှ ငွေကျပ် ၆၇၅၂ ဒသမ ၉၉၇ သန်း၊ တိုင်းဒေသကြီးရန်ပုံငွေမှ ငွေကျပ် ၈၂၆၃ ဒသမ ၆၃၃ သန်းနှင့် အိန္ဒိယနိုင်ငံမှ အထောက်အပံ့ ငွေကျပ် ၃၃၂၁ ဒသမ ၀၉၂ သန်းတို့ဖြင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း လက်ထောက်ညွန်ကြားရေးမှူး ဦးညီဆွေက ပြောသည်။

ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် မြေလမ်း ၁၆၄ မိုင်၊ ကျောက်လမ်း ၁၁/ ၃ မိုင်၊ ကျောက်ရောမြေ၊ ချောင်း သဲကျောက် ၁၈/၃ မိုင်၊ ကွန်ကရစ်လမ်း ၈၂၃၀ ပေ၊ သံကူကွန်ကရစ်လမ်း ၁၃ စင်း၊ Pipe Culvert ၁ စင်း၊ Box Culvert ၈၂ စင်း၊ ဘေလီ တံတား ၅ စင်း၊ စာသင်ကျောင်း ၁ ကျောင်း၊ ဝန်ထမ်းများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာ ၅ လုံး၊ ရေရရှိရေးလုပ်ငန်း ၂ ခု၊ မြေထိန်းနံရံ ၁၅၅ ပေနှင့် ခြံစည်းရိုးကာရံခြင်း ၃ ခု စသဖြင့် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

3336

 

ထို့အတူ တိုင်းဒေသကြီးရန်ပုံငွေဖြင့် လမ်း၊ တံတားများ တည်ဆောက်ရာတွင် မြေလမ်း ၈၁/၁ မိုင်၊ ကျောက်လမ်း ၉/၅ မိုင်၊ ကျောက်ရောမြေ - ချောင်းသဲကျောက် ၉/၁ မိုင်၊ ကွန်ကရစ် လမ်း ၅/၇ မိုင်၊ ကတ္တရာလမ်း ၂ မိုင်၊ ဆိုင်ကယ်လမ်း ၂၂ မိုင်၊ သံကူကွန်ကရစ်လမ်း ၁၄ စင်း၊ သစ်သားတံတား ၈ စင်း၊ Pipe Culvert ၁၀ စင်း၊ Box Culvert ၁၃၉ စင်း၊ ဘေလီတံတား ၁ စင်း၊ ဝန်ထမ်းအိမ်ရာ ၁၁ လုံး၊ စာကြည့်တိုက် ၁ ခု၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဆိုလာလျှပ်စစ်မီးအစုံ ၆၈၁ စုံ၊ ရေသွားရေ လာကောင်းမွန်ရေးအတွက် ရေဆိုးထုတ်မြောင်း ပေ ၁၂၀၀၊ မိုးတွင်းကာလတွင် မြေပြိုမှုများ ကာကွယ်ရန်အတွက် မြေထိန်းနံရံပေ ၄၂၀၊ သီးနှံစိုက်ပျိုးနိုင်ရန်အတွက် လယ်ယာမြေရေသွယ်မြောင်း ၂/၃ မိုင်နှင့် စိုက်ပျိုးရေမြောင်း  ၁ မိုင် စသည်တို့ကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 

အလားတူ အိန္ဒိယနိုင်ငံမှ အထောက်အပံ့ဖြင့် မြေလမ်း မိုင် ၂၀၊ ကျောက်လမ်း ၆ မိုင်၊ Box Culvert ၅၂ စင်း၊ ဘေလီတံတား ၄ စင်းနှင့် စာသင်ကျောင်း ၃ ကျောင်း စသည်တို့ကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ခန္တီး၊ ပင်လည်ဘူး၊ လေရှီးနှင့် နန်းယွန်းမြို့နယ်များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း ဦးညီဆွေက ပြောသည်။ 

သတင်း - မွှေးကြူဇင်၊ ဓာတ်ပုံ - အေးသီတာ