ခန္တီး  ၁၁     သြဂုတ်     

ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအား အာဟာရထောက်ပံ့ပေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များ သိသင့်သိထိုက်သည့် ကျန်းမာရေးဆိုင်ရာ ရက်သတ္တပတ်လှုပ်ရှားမှု အသိပညာပေး ဟောပြောပွဲ ကို ခန္တီးခရိုင် ကျန်းမာရေးဌာနနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲပိုင်းက က မိခင်နှင့်ကလေး စောင့်ရှောက်ရေးရုံးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ 

ရှေးဦးစွာ ခရိုင်မိခင်နှင့် ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဒေါ်အေးကြည်ကအဖွင့် အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာလေးဖြူပြာအောင်က အာဟာရ ဖွံ့ဖြိုးရေးဆိုင်ရာ ရက်သတ္တပတ် ဆောင်ရွက်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

06

ယင်းနောက် မြို့နယ် ကျန်းမာရေးအရာရှိ ဒေါ်ဆွီးနွာမ်က အိုင်အိုဒင်းအကြောင်းနှင့် အာဟာရ အုပ်စု (သုံး) စုဖြစ်သည့် ခန္ဓာကိုယ်ကြီးထွား ဖွံ့ဖြိုးစေသောအစာများ၊ ရောဂါကာကွယ်စေသော အစာများ၊ အင်အားဖြစ်စေသော အစာများအကြောင်းကို အသိပညာပေး ဟောပြောကာ ကိ်ုယ်ဝန်ဆောင်မိခင်နှင့် ကလေးများအား အားဆေး၊ အရဟာပစ္စည်း ထောက်ပံ့ခြင်းနှင့် ၅ နှစ်အောက် ကလေးများအား ဗီတာမီ အားဆေး၊ သံချဆေးများ တိုက်ကျွေးခြင်းနှင့် အိမ်သုံးဆားများတွင် အိုင်အိုဒင်းဓာတ် ပြည့်/မပြည့် စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)