ခန္တီးမြို့ အကျဉ်းထောင်မှ အကျဉ်းသား ၂၈၆ ဦး လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ခန္တီး ၁၇ ဧပြီ 

 


ခန္တီမြို့ အကျဉ်းထောင်တွင် နိုင်ငံသား အကျဉ်းသား အကျဉ်းသူ ၂၈၆ ဦးသည်  ရာဇဝတ် ကျင့်ထိုးဥပဒေ ပုဒ်မ ၄၀၁/ ပုဒ်မခွဲ ၁ အရ စည်းကမ်းချက်မထားဘဲ လွတ်ငြိမ်းချမ်းသာခွင့်အရ ဧပြီ ၁၇ ရက် မွန်းတည့် ၁၂ နာရီက လွတ်မြောက်ခဲ့ကြောင်း သိရသည်။

 


“ဝမ်းသာပါတယ်၊ ကိုယ်နဲ့ထိုက်တန်တဲ့ ပြစ်မှုရတာဆိုတော့ ကျေနပ်ပါတယ်"ဟု ဟုမ္မလင်းမြိုနယ် မြင်သာကျေးရွာနေ ကိုသက်ဆွေဦးက ပြောသည်။ အဆိုပါ ကိုသက်ဆွေဦးသည် လက်သမားဆရာတစ်ဉီးဖြစ်ပြီး စားဝတ်နေရေး အဆင်မပြေမှုကြောင့် ရွှေလုပ်ငန်းလုပ်ကိုင်နေရင်း မူးယစ်ဆေးဝါး သုံးစွဲခဲ့ကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှုဖြင့် ငါးနှစ်ထောင်ကျပြီး နှစ်နှစ်ကျော်သာ နေခဲ့ရကြောင်း ၎င်းကပြောသည်။

 


အဆိုပါလွတ်ငြိမ်းချမ်းသာခွင့်တွင် အကျဉ်းသား/အကျဉ်းသူ စုစုပေါင်း ၂၈၆ ဦးအား ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုး၊ ခရိုင်ရဲမှူးကြီး မြင့်သိန်း၊ အကျဉ်းဦးစီးဌာန တာဝန်ခံ ဦးစီးအရာရှိ ဦးကြည်မြင့်တို့က တွေ့ဆုံအမှာစကားပြောကြားပြီး မော်တော်ယာဉ်များဖြင့် ဆိပ်ကမ်းသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 


ချန်လော (ခန္တီး)

 

dd