ခန္တီး  ၅  ဇွန်

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ ဇီးဖြူကုန်းရပ်ကွက် ဖားလမုန်းလမ်း ရေစီးရေလာကောင်းမွန်စေရေးနှင့် လမ်းမပျက်စီးစေရန်အတွက် မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ မြေထိန်းနံရံသည် အလျား ၁၂၀၊ အမြင့် ၅ ပေနှင့် ထုထည် ၁ ပေခွဲရှိပြီး လုပ်ငန်းဆောင်ရွက်နေမှုကို မြို့နယ် စည်ပင်သာယာရေးကော်မတီဉက္ကဋ္ဌ ဦးဘကြိုင်နှင့် အမှုဆောင်အရာရှိ တာဝန်ခံအင်ဂျင်နီယာတို့က ယမန်နေ့ ညနေပိုင်းက သွားရောက်စစ်ဆေးခဲ့သည်။

 

အဆိုပါ မြေထိန်းနံရံတည်ဆောက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီး  စည်ပင်သာယာရေးဖွဲ့က ဘိလပ်မြေ ထောက်ပံ့ပေးခြင်းပြီး ကျန်ကုန်ကျစရိတ်များကို ပြည်သူများစုပေါင်းအားဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဆက်လက်၍ တာဝန်ရှိသူများသည် ဖားလမုန်းလမ်းပိုင်း အရှည် ပေ ၉၀၀ ၊ အကျယ် ၁၄ ပေနှင့် ထုထည် ၉ လက်မ ကွန်ကရစ်လမ်းခင်းရန် ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

စနေမောင်(ခန္တီး)