ခန္တီး ၂ ဒီဇင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချူပ်ခွင့်ရေဒသ  လဟယ်မြို့ မြို့မရပ်ကွက်နေ ဦးအာနွယ် ဒေါ်နီကေတို့၏ သုံးမြွှာပူးကလေးများအား ဒီဇင်ဘာလ ၁ ရက်နေ့ နံနက်၂ နာရီအချိန် ခန္တီးမြို့ ပြည်သူ့ဆေးရုံ တွင် အောင်မြင်စွာ မွေးဖွား ခဲ့ပြီး ကလေးငယ်များ၏ ကျန်းမာရေး စောင့်ရှောက်မှုများကို ပြည်သူ့ဆေးရုံမှဆောင် ရွက်ပေးလျက်ရှိကြောင်းသိရသည်။

 

သုံးမြွှာပူးကလေးများကို နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ ပြည်သူ့ဆေးရုံတွင် မွေးဖွားရန် ရောက်ရှိ ခဲ့သော်လည်း ဆေးဝါးများ ဆရာဝန်များ အခက်ခဲရှိနေသော ကြောင့်  လဟယ်မြို့ ပြည်သူ့ဆေးရုံ၏ လွှဲစာဖြင့် ခန္တီးမြို့ ပြည်သူ့ဆေးရုံသို့အချိန်မီလာရောက် မွေးဖွားခြင်း ဖြစ်ကြောင်း သိရသည်။

 

5

 

အဆိုပါ သုံးမွာပူးကလေးများမှာ ယောကျာ်းလေးများဖြစ်ပြီး မိခင်နှင့်ကလေးများ၏ ကျန်းမာရေး ကောင်းမွန်ကြောင်းလိုအပ်သော ဆေးဝါးများကို ခန္တီးမြို့ပြည်သူ့ဆေးရုံအုပ် ဒေါက်တာလေး ဖြူပြာအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

ချန်လော (ခန္တီး)