ခန္တီးမြို့အနီးကို ဗဟိုပြု၍ အင်အားအနည်းငယ် ငလျင်လှုပ်

နေပြည်တော် ၆ အောက်တိုဘာ

 

ယနေ့နံနက် ၉ နာရီ ၂၇ မိနစ်တွင် ခန္တီးမြို့၏ အနောက်မြောက်ဘက်(၂၂)မိုင်ခန့်အကွာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄) အဆင့်ရှိ အင်အားအနည်းငယ် မြေငလျင်တစ်ခု လှုပ်ရှား သွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် မြောက်လတ္တီတွဒ် (၂၆.၂၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၄၃)ဒီဂရီ၊ အနက်(၈၀)ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိသည်။

 

MDN