ခန္တီး ၁၁ ဒီဇင်ဘာ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဆိုင်ရာက ဖွင့်လှစ်သည့် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း စာရင်းစစ် စာရင်းကောက် သင်တန်းကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းအဝေးခန်းမ၌ ဖွင့်လှစ်သည်။

သင်တန်းဖွင့်ပွဲတွင် ခရိုင်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးက အဖွင့်အမှာစကားပြောကြားသည်။
ဆက်လက်၍ ခရိုင်ကြားဖြတ် သန်းခေါင်စာရင်း ကောက်ယူရေး ကော်မတီအတွင်းရေးမှူး၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ဦးမြင့်ကြည်က “လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အချက်အလက်များ၏ ပြောင်းလဲမှုများအား နှိုင်းယှဉ်လေ့လာ သုံးသပ် သုတေသနပြုပြီး မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းများ အကောင်အထည် ဖော်ဆောင်ရာမှာ လိုအပ်သော လူဦးရေစာရင်း ဇယားများကို ပြုစု ပေးနိုင်ရန်”ရည်ရွယ်ဖွင့်လှစ်ခြင်း ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။

သင်တန်းကို ဒီဇင်ဘာလ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့ထိ ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ သင်တန်းသို့ ခန္တီး၊ ဟုမ္မလင်း၊ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ ၂၇ ဦး တက်ရောက် ကြမည် ဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး)