ခန္တီး  ၂၅  နိုဝင်ဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့တွင် ခရိုင်၊ မြို့နယ်အဆင့် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားတွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက ခရိုင်၊ မြို့နယ်အဆင့် အခြေအနေပေါ် မူတည်ပြီး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယခု အစည်းအဝေးနှင့် နောက်အစည်းအဝေးများမှာလည်း ကလေးသူငယ်အခွင့်အရေး ဘယ်လောက် ဆောင်ရွက်ပေးပြီလဲ၊ ဘယ်လိုဆောင်ရွက်သွားကြမလဲ၊ ကလေးသူငယ် အခွင့်အရေး နှင့် သတ်သက်လို့ နယ်မြေဒေသငြိမ်းချမ်းပြီး လူသားမျိုးနွယ်ပတ်ဝန်းကျင်နှင့် အများကြီးသက်ဆိုင်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး ဒေါ်ခင်ဌေးက ကော်မတီ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားကာ တက်ရောက်လာကြသည့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

စနေမောင်(ခန္တီး)