ခန္တီးမြို့၌ မိခင်ဝိုင်းခေါင်းဆောင်နှင့် ပံ့ပိုးကူညီသူများ အသိပညာပေးသင်တန်းဖွင့်

ခန္တီး     ၃၀   နိုဝင်ဘာ    


စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ ဖွင့်လှစ်သည့်မိခင်ဝိုင်းခေါင်းဆောင်နှင့် ပံ့ပိုးကူညီသူများအသိပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေအစည်းအဝေး ခန်းမ၌ ဖွင့်လှစ်သည်။


ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးလှမျိုးက သင်တန်းအဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ဌေးက မိခင်ဝိုင်းသင်တန်းဖွင့်  လှစ်ရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားသည်။


မူလတန်းကြိုကျောင်းများမရှိသည့် ကျေးရွာများမှ ငါးနှစ်အောက်ကလေးများကို ရှေးဦးအရွယ်     ကလေးသူငယ်များပြုစုပျိုးထောင်ရေး နည်းစနစ်နှင့်အညီ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုရှိစေရန်၊ ကလေးသူငယ်   ပြုစုစောင့်ရှောက်ရေးနည်းစနစ်များ ပျံ့နှံ့ရောက်ရှိစေရန်နှင့် ကလေးများဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကအကျဆုံးအချိန်မှာ မိခင်များအနေဖြင့် မိမိကလေးအား အာဟာရပိုင်းဆိုင်ရာနှင့် အခြားဖွံ့ဖြိုးမှုပိုင်း ဆိုင်ရာများကို နည်းစနစ်ကျကျပြုစုစောင့်ရှောက်တတ်စေရန်  ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းကို နည်းပြဆရာမ ဒေါ်လှိုင်သင်းအိက နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇာင်ဘာ ၁ ရက်နေ့ထိ နှစ်ရက်တိုင်  မိခင်လောင်းသင်တန်းသူ ၁၀ဝ ဦးကို  နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ကလေးငယ်တစ်ဦးကို တစ်ရက်လျှင် ငွေကျပ် သုံးရာငါးဆယ်နှုန်း ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


စနေမောင်(ခန္တီး)