ခန္တီး နိုဝင်ဘာ ၁၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါး တစ်ဧက တင်း ၁၀၀ ထွက်ရှိရေး စံပြကွက် (၆၆'× ၆၆')ပတ်လည် (၀.၁၀) ဧက စံကွက်ရိတ်သိမ်းခြင်း ကွင်းသရုပ်ပြပွဲကို နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက ခန္တီးမြို့နယ်၊ ပေါမိုင်းအုပ်စု၊ သာစည်ရပ်ကွက်ရှိ တောင်သူ ဦးကျော်စံဝင်း၏ ကွင်းအမှတ်(၄) ဦးပိုင်အမှတ်(၂၀)တွင် ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက စံကွက်ရိတ်သိမ်းရခြင်းကို ရှင်းလင်းဆွေးနွေးပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးကာ စံကွက်ရိတ်သိမ်းရာမှ (၀.၁၀) ဧက စံကွက်အစို တင်း(၁၂.၈)တင်းနှင့် တစ်ဧက အထွက်နှုန်း(၁၂၈)တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ဟန်ထွန်း(အင်းဝ)


