ခန္တီး ဖေဖော်ဝါရီ ၂၅

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ မတ် ၂ ရက်တွင် ကျရောက်မည့် (၆၄)ကြိမ်မြောက် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ နေကြာစိုက်ခင်း ပေါင်တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက ပေါမိုင်းရပ်ကွက် အောင်သာရပ် တောင်သူဦးညွန့်ဝေ၏ နေကြာစိုက်ခင်း၌ ပြုလုပ်သည်။

 

ဦးစွာ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်က အမှာစကားပြောကြားပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးမင်းမင်းဇော်က မြေဩဇာထည့်သွင်းခြင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဒေါ်စုစုခိုင်က ကွင်းသရုပ်ပြပွဲ ပြုလုပ်ရခြင်းတို့နှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

ဆက်လက်၍ ခန္တီးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂျစ်ပဆန်မြေဩဇာများ၊ ရွက်ဖျန်းမြေဩဇာများ၊ Yellow Sticker များ၊ နေကြာသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ လက်ကမ်း စာစောင်များကို တောင်သူများအား ပေးအပ်ကာ နေကြာစိုက်ခင်း ပေါင်တင်ခြင်းနှင့် မြေဩဇာထည့်သွင်းခြင်းကို လက်တွေ့သရုပ်ပြသသည်။ ခန္တီးမြို့နယ်၌ နေကြာစိုက်ပျိုးဧက ၁၂၃ ဧက စိုက်ပျိုးထားရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)