ခန္တီး ၆ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်ကို ယနေ့ နံနက် ၉ နာရီအချိန်က ခန္တီးမြို့ အထကကျောင်း ကျန်စစ်သားခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ခန္တီးမြို့နယ် ပညာရေးစုံညီပွဲတော်မုခ်ဦး ဖွင့်ပွဲကို ခတ္တဥက္ကဌ ခရိုင်စီမံခန့်ခွဲမှုကော်မတီ ဦးဌေးကျော်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းစိန်၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် အမှတ်(၂) ဦးသိန်းလှိုင်ဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်လှလှမြင့်နှင့် မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဆင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆင့်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် မြို့နယ်ပညာရေးမှူး ဒေါ်လှလှမြင့်က ပြောင်းလဲလာသောပညာရေးနှင့်အညီ သင်ကြားသင်ယူမှု လုပ်ငန်းများကို ပြောင်းလဲနေသော စနစ်နှင့်အညီ စေတနာ၊ ဝါသနာ၊ အနစ်နာတို့ကို အရင်းခံပြီး အားစိုက် သင်ကြားစေလိုကြောင်း၊ ခန္တီးမြို့နယ်၏ အောင်ချက်မှာ တစ်နှစ်ထက် တစ်နှစ်မြင့်တက် လာပါကြောင်း၊ ယခုနှစ် ခန္တီးမြို့နယ် ပညာရေးစုံညီပွဲတော်တွင် ဆုပေါင်း (၂၀ဝ) ကျော်ကို ဆုချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း ပြောသည်။
အဆိုပါ ခန္တီးမြို့နယ် ပညာရေး စုံညီပွဲတော်သို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ခေတ္တ ဥက္ကဋ္ဌ ခရိုင်စီမံခန့်ခွဲမှု ကော်မတီ ဦးဌေးကျော်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ခန္တီးမြို့နယ် အခြေခံပညာကျောင်းများ၏ တစ်နှစ်တာ လုပ်ဆောင်မှု မှတ်တမ်းဓာတ်ပုံများနှင့် ပိုစတာများအား တက်ရောက်လာသူများက ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ချန်လော(ခန္တီး)