ခန္တီး ၃၁ ဇန်နဝါရီ 


၂၀၁၈ ၂၀၁၉ ဘဏာရေးနှစ် ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဖွံ့ဖြိုးရေး ရန်ပုံငွေ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက်ပိုင်းက ခန္တီးမြို့ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပသည်။ 


ဒေသဖွံဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် စီမံချက်သည် အဓိက ဖြစ်သည့်အတွက် ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် လုပ်ငန်းစီမံချက်ကို ရေးဆွဲဆောင်ရွက်ရန် လိုအပ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောသည်။


ခန္တီးမြို့နယ် ဇီးဖြူကုန်းရပ်ကွက် ရေရရှိရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ငွေကျပ် ၁၀ သိန်း၊ ဆင်သေ ကျေးရွာ ရေရရှိရေး လုပ်ငန်းဆောင်ရွက်နိုင်ရန် ငွေကျပ် ၂၈ သိန်း၊ ဖောင်ဆိုင်ကျေးရွာအုပ်စုနှင့် လိုက်ခေါ်ကျေးရွာအုပ်စု လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ်(၃၀)သိန်း၊ မှန်ပင်ကျေးရွာနှင့် အောင်မြေကျေးရွာ တွင်သဘာဝဘေးနှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ရန် ငွေကျပ် (၂၈)သိန်း စုစုပေါင်းငွေကျပ်(၁၀၆)သိန်းထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။


ချန်လော(ခန္တီး)