ခန္တီး ၁၁ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြခံလူတန်းစား အိမ်ထောင်စု ၉၁၀ စုကို ယနေ့နံနက်က ခန္တီးမြို့ပေါ်ရပ်ကွက်ရှိ ဇီးဖြူကုန်း၊ မြို့မ၊ ပေါ်မိုင်းရပ်ကွက်နှင့် ပေါ်မိုင်းအုပ်စု သာစည်၊ အောင်သာယာရပ်ကွက်များကို အခြေခံစားသောက်ကုန် ပစ္စည်းများဖြစ်သည့် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် ကြက်သွန်နီများကို တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများကို ခန္တီးမြို့ပေါ်ရှိ ဇီးဖြူကုန်းရပ်ကွက်တွင် အိမ်ထောင်စု ၄၆၉ စု၊ မြို့မရပ်ကွက်တွင် အိမ်ထောင်စု ၁၂၈ စု၊ ပေါ်မိုင်းရပ်ကွက်နှင့် ပေါ်မိုင်းအုပ်စု သာစည်နှင့် အောင်သာယာရပ်ကွက်အတွင်းရှိ အိမ်ထောင်စု ၃၁၃ စုတို့ကို အခြေခံစားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
စနေမောင်(ခန္တီး)


