ခန္တီး၊ ၂၇ ဇန်နဝါရီ
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ် ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများအား ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ခန္တီးမြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်း ၁၄၄ ဦးနှင့် အားကစားနှင့် ကာယပညာဦးစီးဌာနရုံး ဝန်ထမ်း လေးဦးတို့ကို စတင်ထိုးနှံပေးခဲ့ကြောင်း ခရိုင်ဆေးရုံအုပ် ဒေါက်တာနန်းမြတ်မြတ်မွှေးထံမှ သိရသည်။
စနေမောင်မောင်(ခန္တီး)


