ခန္တီး၊     ၂၆   ဇန်နဝါရီ   

 

စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်စီမံကြီးကြပ်ရေးကော်မတီအစည်းအဝေးကို ဇန်နဝါရီ  ၂၆ ရက် နံနက် ၁၀ နာရီက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

လုပ်ငန်းများ အကောင်အထည်ဖော်စီမံကြီးကြပ်ရေးကော်မတီအစည်းအဝေးတွင် မြေ၊ မျိုး၊ ပိုးဆိုင်ရာ ကဏ္ဍများ၊ ထွန်ယက်ရိတ်သိမ်းရေးနှင့် စက်ကိရိယာလိုအပ်ချက်များ၊ ရေလိုအပ်ချက်များ၊ သမဝါယမနှင့် အသေးစားလုပ်ငန်း‌ဆောင်ရွက်လိုသည်များ၊ ငါးနှင့်မွေးမြူရေးကဏ္ဍများနှင့် ကျေးလက်ကဏ္ဍ အခက်အခဲများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

အဆိုပါ အစည်းအဝေးသို့ ခန္တီးမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ အကောင်အထည်ဖော်စီမံကြီးကြပ်ရေးကော်မတီဉက္ကဋ္ဌ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေ၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အတွင်းရေးမှူးကိုယ်စား ဒုတိယဦးစီးမှူး ဦးစိုင်းခွန်းလုံ၊ အဖွဲ့ဝင်များဖြစ်သည့် ခရိုင်မွေးမြူရေးနှင့်ကုသရေးဦးစီးမှူး ဒေါက်တာရဲဝင်း၊ မြို့နယ်လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးမှူး ဦးသာထွန်းဦး၊ သမဝါယမဦးစီးမှူး ဦးဆက်မောင်တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

စနေမောင်မောင်(ခန္တီး)