ခန္တီး ၂၀ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ပေါ်ရှိ အသက် ၈၅ နှစ် နှင့်အထက် သက်ကြီးဘိုးဘွား ၁၅ ဦးနှင့် ခန္တီးမြို့နယ်အတွင်းရှိ ၂၉ ဦးကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနက သက်ကြီးဘိုးဘွားများကို ယမန်နေ့ညနေက အိမ်တိုင်ရာရောက် လူမှုရေးပင်စင်နှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါဖြစ်ပွားသည့်ကာလ ထပ်ဆောင်းထောက်ပံ့ငွေများ ပေးခဲ့ကြသည်။
ထိုသို့ထောက်ပံ့မှုကို ခန္တီးခရိုင် လူမှုဝန်ထမ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မူမူထွန်းနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းလှိုင်ဝင်း၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရပ်ကွက်စားရေးတို့ ပူးပေါင်း၍ လူမှုရေးပင်စင်ကို တစ်လတစ်သောင်းနှုန်းဖြင့် သုံးလတစ်ကြိမ် ငွေကျပ်သုံးသောင်းနှင့် ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားသည့်ကာလ ထပ်ဆောင်းထောက်ပံ့ငွေ ကျပ်သုံးသောင်းကို အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း သိရသည်။
စနေမောင်(ခန္တီး) (ပြန်/ဆက်)


