ခန္တီး ၁၅ ဇူလိုင်


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ချင်းတွင်းမြစ်ရေ စိုးရိမ်ရေမှတ်ကျော်လွန်မှုကြောင့် ယနေ့ နံနက်ပိုင်းမှစ၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


မြေနိမ့်ပိုင်းနေရာများဖြစ်သည့် ပေါမိုင်း၊ မြို့မ၊ လယ်ဦးတန်းလမ်း၊ ဇီးဖြူကုန်းနှင့် ပေါမိုင်းရပ်ကွက် သာသနာပြုသီလရှင်ကျောင်း နေရာများတွင် တပ်မတော်သားများ(၂၂)ဦး၊ မီးသတ်တပ်ဖွဲ့ဝင် ဒု-ဦးစီးမှူး ဦးပြည့်စုံအောင်ဦးဆောင်လျက် မီးသတ်တပ်ဖွဲ့ဝင် အင်အား (၂၄) တို့ပူးပေါင်း၍ ရေဝင်ရောက်နေသည့် အိမ်ထောင်စုများကို ခန္တီးမြို့ မြသိန်းတန်စေတီတော်နှင့် ပေါမိုင်းဘုန်းတော်ကြီးကျောင်းများတွင် ရွှေ့ပြောင်းပေးနေကြောင်း မီးသတ်တပ်ဖွဲ့ဝင် ဒုတိယဦးစီးမှူး ဦးပြည့်စုံအောင်ထံမှ သိရသည်။


စနေမောင်(ခန္တီး)