ခန္တီး ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့၌ မိုးရာသီတွင်စိုက်ပျိုးရန်အတွက် တောင်သူများအား မိုးစပါး ဆင်းဧကရီ(၃)နှင့် အစေ့ထုတ်ပြောင်း (UH - 008)မျိုးစေ့များ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ မျိုးစေ့များထောက်ပံ့ပေးအပ်ပွဲကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကြီးမှူးကျင်းပရာ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးထွန်းဝေက မိုးစပါးဆင်းဧကရီ (၃)နှင့် အစေ့ထုတ်ပြောင်း (UH - 008) မျိုးစေ့ပေးအပ်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ခရိုင်စိုက်ပျိုးရေး ဦးစီးမှူး ရုံးမှမျိုးစေ့တာဝန်ခံ ဦးဝင်းကျော်ထွန်းက မျိုးကောင်းမျိုးသန့်အသုံးပြုရခြင်း၏ ရလဒ်များ အကြောင်းရှင်းလင်းပြောကြားခဲ့ပြီး၊ မျိုးစေ့များအားပေးအပ်ရာ ဒေသခံတောင်သူများက အသီးသီး လက်ခံရယူခဲ့ကြကြောင်း သိရသည်။

 

ယွန်း(မုံရွာ၊ကိုယ်ပွား)