နေပြည်တော် ၂၀ ဇူလိုင်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနသည် ရေစီမံခန့်ခွဲမှုလုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် အတွက် ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ဆည်ရေသောက်ဧရိယာများတွင် ရေ အသုံးချသူများအဖွဲ့ (WUG) များဖွဲ့စည်းပြီး ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်ဖြင့် လက်တွဲ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ငူခရိုင် ခပေါင်းဆည်ရေသောက်စနစ်အတွင်းရှိ တောင်ငူမြို့နယ်၌ (WUG)အဖွဲ့ (၇၀)၊ အုတ်တွင်းမြို့နယ်၌ (WUG)အဖွဲ့ (၁၈၉)ဖွဲ့ စုစုပေါင်း (WUG)အဖွဲ့ (၂၅၉)ဖွဲ့ ဖွဲ့စည်းခဲ့ပြီးဖြစ်ကြောင်း တည်ဆောက်ရေး(၅)မှ သိရသည်။
ယခုနှစ် မိုးစပါးစိုက်ပျိုးရာတွင် ဆည်ရေလိုအပ်ပါက အဆင်သင့်ဖြန့်ဝေပေးနိုင်ရန်အတွက် ရေပေးရေယူမြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် ရေအသုံးချသူများအဖွဲ့ (WUG) အဖွဲ့များက သက်ဆိုင်ရာမြောင်းများအလိုက် ခြုံများရှင်းလင်းခြင်း၊ သဲနုန်းဆယ်ခြင်း လုပ်ငန်းများကို ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိသည်။
ထက်လျှံ


