ခရစ္စမတ်ကို ပထမဆုံးအကြိမ် အတူဖြတ်သန်းခဲ့ကြတဲ့ ဟောလိဝုဒ်ကြယ်ပွင့်များ

၂၆ ဒီဇင်ဘာ

 

ယခုနှစ်ရဲ့ ခရစ္စမတ်ရာသီကို စုံတွဲတွေအဖြစ် ပထမဆုံးအကြိမ် အတူဖြတ်သန်းခဲ့ကြတဲ့ ဟောလိဝုဒ်အနုပညာကြယ်ပွင့်တွေအနက် အချို့ကို ရွေးချယ်ဖော်ပြဖြစ်ခဲ့ပါတယ်။ ဒီထဲမှာတော့ ပေါ့ပ်ကြယ်ပွင့် ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်န်၊ တေးသံရှင် နစ်ခ်ဂျိုးနက်စ်နဲ့ ဘောလိဝုဒ်ကြယ်ပွင့်မှ ဟောလိဝုဒ်ရဲ့နာမည်ကျော် ကြယ်ပွင့်တစ်ဦးဖြစ်လာခဲ့သူ ပရီယင်ကာချိုပရာနဲ့ ဟောလိဝုဒ်ကြယ်ပွင့်တေဖြစ်ကြတဲ့ မက်သရူးလူးဝစ်နဲ့ အန်ဂျလားဂျုန်းစ်တို့ ဖြစ်ကြပါတယ်။

 

 

ဒီနှစ် ခရစ္စမတ်မှာလက်ထပ်ခဲ့ပြီး ဖြစ်တဲ့ ဇနီးမောင်နှံတွေအဖြစ် ပထမ ဆုံးအကြိမ် အတူဖြတ်သန်းသွားကြမယ့် ဂျက်စတင်ဘီဘာနဲ့ ဟေးလေးဘော်ဝင်န်တို့ဟာ ခရစ္စမတ်အကြိုအဖြစ် မိသားစုဝင်တစ်ဦး တိုးလာခဲ့ တာဖြစ်ပါတယ်။ ဘီဘာက ခွေးလေး တစ်ကောင် မွေးစားလိုက်တာကြောင့် မိသားစုဝင်တိုးလာခဲ့ကြောင်း ဟေးလေးဘော်ဝင်န်က သူ့ရဲ့ အင်စတာဂရမ် စာမျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့တာဖြစ်ပါတယ်။

 

 

နစ်ခ်ဂျိုးနက်စ်နဲ့ ပရီယင်ကာချိုပရာ တို့ဟာ အိန္ဒိယမှာ မင်္ဂလာပွဲတွေ ပြုလုပ်ခဲ့ပြီးနောက် ဒီနှစ် ခရစ္စမတ် မှာတော့ ဇနီးမောင်နှံတွေအဖြစ် ပထမဆုံးအကြိမ် အတူဖြတ်သန်းကြမှာ ဖြစ်ပါတယ်။ ခရစ္စမတ်အကြိုည မှာတော့ ပရီယင်ကာချိုပရာက သူတို့ နှစ်ဦးနဲ့အတူ နှစ်ဖက်မိသားစုတွေ ရိုက်ကူးထားတဲ့ဓာတ်ပုံကို သူ့ရဲ့ အင်စတာဂရမ်ပေါ်မှာ ဖော်ပြခဲ့တာကို လည်း တွေ့ရပါတယ်။

 

 

မက်သရူးလူးဝစ်နဲ့ အန်ဂျလာဂျုန်းစ်တို့ကတော့ ခရစ္စမတ် ဘိုးဘိုးနဲ့ မိသားစုတွေ အတူရိုက်ကူး ထားတဲ့ ဓာတ်ပုံကို လူမှုကွန်ရက် မီဒီယာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ သူတို့နှစ်ဦးဟာလည်း ၂၀၁၈ ခုနှစ် အတွင်းမှာမှ လက်ထပ်ခဲ့တာကြောင့် ဒီခရစ္စမတ်ဟာ မောင်နှံနှစ်ဦး အတွက် လက်ထပ်ပြီးနောက် ပထမဆုံးအကြိမ် အတူဖြတ်သန်းကြမယ့် ခရစ္စမတ်လည်း ဖြစ်ပါတယ်။

 

အေးပြည့်