မန္တလေး ၂၅ ဒီဇင်ဘာ
မန္တလေးမြို့ အမရပူရမြို့နယ်အတွင်းရှိသည့် တောင်သမန်အင်း ဦးပိန်တံတားသို့ ရက်ရှည်ရုံးပိတ်ရက်များ၊ အခါကြီးရက်ကြီးများနှင့် ကျောင်းပိတ်ရက်များတွင် ပြည်တွင်းပြည်ပ ဧည့်သည်များ တစ်နေ့လျှင် ပျမ်းမျှ တစ်သိန်းခန့် လာရောက်လည်ပတ်ကြကြောင်း သိရသည်။
နှစ် ၁၆၀ ကျော် သက်တမ်းရှိ ဦးပိန်တံတားသည် ကာလကြာမြင့်လာသဖြင့် ဆွေးမြည့်ပျက်စီးလာရာ ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းတွင် အကြီးစား ပြုပြင်ထိန်းသိမ်းရေး ငါးကြိမ် ပြုလုပ်ခဲ့သည်။
တံတားကို မြန်မာသက္ကရာဇ် ၁၂၁၁ ခုနှစ်၊ ပုဂံမင်းလက်ထက်က အင်းဝမြို့တော်ဟောင်းမှ ကျွန်းတိုင်များဖြင့် အမရပူရမြို့၀န်ဘိုင်ဆပ်၏ တပည့်ဖြစ်သူ မြို့စားရေးဦးပိန်မှ တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အရှည်အားဖြင့် ၃၉၈၇ ပေ ရှည်လျားကာ စတင်တည်ဆောက်စဉ်က တိုင်ပေါင်း ၁၀၈၆ တိုင်၊ အခန်းပေါင်း ၄၈၂ ခန်းရှိခဲ့သည်။ သို့သော်လည်း သဘာဝဘေးအန္တရာယ်များကြောင့် ယခုအခါ အခန်းပေါင်း ၄၄၇ ခန်းသာ ရှိတော့သည်။
သူရိန်လင်း