ငွေဆောင်   ဒီဇင်ဘာ   ၂၅

ခရစ္စမတ်ရုံးပိတ်ရက်ဖြစ်သည့် ဒီဇင်ဘာ ၂၅ ရက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်ကမ်းခြေသို့ လာရောက်အပန်းဖြေသူများဖြင့် စည်ကားလျက်ရှိသည်။

ပြည်တွင်း ပြည်ပ ခရီးသွားဧည့်သည်များသည် ငွေဆောင်ကမ်းခြေတွင် ပင်လယ်ရေစိမ်ခြင်း၊ ရေကူးခြင်းဖြင့် အနားယူကြပြီး ငွေဆောင်ကမ်းခြေမှတစ်ဆင့် အနီးဝန်းကျင်ရှိ မြွေကျွန်း၊ ချစ်သူများကျွန်း၊ ငှက်ကျွန်း၊ ကျွန်းလျားရှည်၊ ဆင်မကျွန်းနှင့် ဘုရားသုံးဆူ၊ မိုးမခဆင်စခန်းများသို့ သွားရောက်လည်ပတ်နိုင်သေးသည်။ 

အပန်းဖြေလာရောက်သူများ ဘေးကင်းလုံခြုံစိတ်ချစွာ အနားယူနိုင်ရေးအတွက် ကမ်းခြေလုံခြုံရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ကမ်းခြေတစ်လျှောက် စည်းကမ်းထိန်းသိမ်းရေး လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ထားရှိကြောင်း သိရသည်။

အဏ္ဏဝါမောင်(ပုသိမ်)