ခရစ္စတယ်ပဲလေ့က ပက်ထရစ်ဗီယဲရာအား နည်းပြသစ်အဖြစ် ခန့်အပ်

ပရီမီယာလိဂ်ကလပ် ခရစ္စတယ်ပဲလေ့အသင်းဟာ နည်းပြ ရွိုင်းဟော့ဂ်ဆန် အသင်းနည်းပြအဖြစ်ကနေ နုတ်ထွက်ပြီးနောက် အာဆင်နယ် အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ်ဗီယဲရာကို အသင်းရဲ့ နည်းပြ သစ်အဖြစ် ခန့်အပ်လိုက်ပြီဖြစ်ပါတယ်။

ရေပန်းစားနေခဲ့ မေ ၁၈ ရက်က ခရစ္စတယ်ပဲလေ့အသင်း နည်းပြအဖြစ်ကနေ နုတ်ထွက်ခဲ့ကြောင်း နည်းပြ ရွိုင်းဂ်ဆန်က ကြေညာခဲ့ပြီးနောက် ပိုင်းကတည်းက အာဆင်နယ်အသင်းခေါင်းဆောင်ဟောင်း ပက်ထရစ် ဗီယဲရာဟာ ခရစ္စတယ်ပဲလေ့အသင်းနည်းပြဖြစ်လာဖို့ ရေပန်းစားနေခဲ့ တာဖြစ်ပါတယ်။

နည်းပြရွိုင်းဟော့ဂ်ဆန်ဟာ ခရစ္စတယ်ပဲလေ့ အသင်းနဲ့အတူ လေးနှစ်ကြာဖြတ်သန်းခဲ့ပြီး ၂၀၂၀၂၀၂၁ ပရီမီယာလိဂ်ရရာသီမှာ ခရစ္စတယ်ပဲလေ့အသင်းကို အဆင့် ၁၄ နေရာနဲ့ ရာသီကုန်ဆုံးစေခဲ့တာဖြစ်ပါ တယ်။ ခရစ္စတယ်ပဲလေ့အသင်းဟာ အသက် ၄၅ နှစ်အရွယ်ရှိ ပြင်သစ်နိုင်ငံသား ပက်ထရစ်ဗီယဲရာကို သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်နဲ့ ခေါ်ယူခဲ့ခြင်းဖြစ်ပြီး "ပရီမီယာလိဂ်ကို ပြန်လာဖို့အတွက် အခွင့်အရေးတစ်ရပ် ရရှိခဲ့တဲ့အတွက် တကယ်ပဲ စိတ်လှုပ်ရှားမိပါတယ်လို့လည်း ပက်ထရစ်ဗီယ်ရာ က ခရစ္စတယ်ပဲလေ့အသင်းနဲ့ စာချုပ်ချုပ်ဆိုပြီးချိန်မှာ ပြောကြားခဲ့ပါတယ်။

ရယူပေးနိုင်ခဲ့ ပြင်သစ်ကွင်းလယ်ကစားသမားဟောင်း  ပက်ထရစ်ဗီယဲရာဟာ အာဆင်နယ်အသင်းနဲ့ အတူ ၁၉၉၆ ခုနှစ်ကနေ ၂၀၀၅ ခုနှစ်အထိ ကစားသမားဘဝ ကို ကိုးနှစ်ကြာဖြတ်သန်းခဲ့ရာမှာ ဆုဖလား ခုနစ်လုံးအထိ ရယူပေးနိုင်ခဲ့ပြီး ပြင်သစ်လက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားနဲ့ ယူရိုဖလားကို ရယူပေးခဲ့ကာ အင်တာမီလန်အသင်းအတွက်လည်း အီတလီစီးရီးအေဖလား သုံးကြိမ်အထိ ရယူပေး နိုင်ခဲ့တာဖြစ်ပါတယ်။

ပက်ထရစ်ဗီယဲရာဟာ မန်စီးတီးအသင်းရဲ့ ဘောလုံးအကယ်ဒမီမှာ နည်းပြဘဝကို စတင်ခဲ့ပြီးနောက် မေဂျာလိဂ်ကလပ် နယူးယောက်စီးတီး အသင်းနည်းပြအဖြစ်လည်း နှစ်နှစ်ခွဲကြာ ဖြတ်သန်းခဲ့သူလည်း ဖြစ်ပါတယ်။ ဒါ့ပြင် ပက်ထရစ်ဗီယဲရာဟာ ပြင်သစ်ပထမတန်းကလပ် နိုက်စ်အသင်း နည်းပြအဖြစ် လည်း တာဝန်ယူကိုင်တွယ်ခဲ့ပြီး ဒီဇင်ဘာလအတွင်းက နိုက်စ်အသင်းက နည်းပြအဖြစ်ကနေ ထုတ်ပယ်ခံခဲ့ ရသူဖြစ်ပါတယ်။

ငွေကြယ်