နေပြည်တော် ၆   ဒီဇင်ဘာ

 

ခရစ်ယာန် လွှတ်တော်ကိုယ်စားလှယ်များ မိသဟာယ (Parliamentary Christian Fellowship) က ကြီးမှူးကျင်းပသည့် ခရစ္စမတ်အကြို မိသဟာယ ညစာစားပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည်။

 

5

 

ညစာစားပွဲအခမ်းအနားသို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်နှင့် ၎င်းတို့၏ ဇနီးများ၊  ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဦးအောင်လှထွန်း၊ ဦးတင်မြင့်၊ ဦးကြည်မင်း၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ လွှတ်တော်ကိုယ်စားလှယ်များ၊ နေပြည်တော်ကောင်စီဝင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရစ်ယာန် ဘာသာဝင်များ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ရှေးဦးစွာ သိက္ခာတော်ရဆရာ ဦးဒေးဗစ်ခိုဘားလ်က ပဏာမကျမ်းစာဖတ်ကြားခြင်း၊  သိက္ခာတော်ရ ဒေါက်တာဗာဘီးက အစပြုဆုတောင်းခြင်း၊  လောကဝမ်းမြောက် ဘုရားကြွလာ အဖွင့်သီချင်း သီဆိုခြင်း၊ ဒေါက်တာစောထွန်းအောင်မြင့်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကြည်မင်းတို့က နှုတ်ခွန်းဆက်အဖွင့်အမှာစကား ပြောကြားခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

8

 

ထို့နောက် တေးသံရှင် စံပယ်သင်းနှင့် Fred Lal Hlim Puia တို့က  တပင်တိုင် သီချင်းသီဆိုခြင်း၊ သိက္ခာတော်ရဆရာ ဦးဗန်အုပ်က တရားဒေသနာဟောကြားခြင်း၊  တောနှင်းပန်းဓမ္မအငြိမ့်အဖွဲ့က တေးသရုပ်ဖော်အကဖြင့် ကပြဖျော်ဖြေခြင်း၊ သိက္ခာ တော်ရဆရာ ဦးစန်းမင်းက အထူးဆုတောင်းခြင်း၊ ဆရာဦးသိန်းထွန်းက ကျေးဇူးတင်စကားပြောကြားခြင်း၊  ခရစ္စမတ်လက်ဆောင်နှင့် ကျေးဇူးတင်လွှာ ပေးအပ်ခြင်း၊ အပိတ် သီချင်းသီဆိုခြင်း၊ ဆုတောင်းကောင်းချီးပေးခြင်း၊ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခြင်း၊ ညစာအတွက်ဆုတောင်းခြင်း၊ ခရစ္စမတ်သီချင်းများ သီဆိုချီးမွမ်းခြင်း၊ အကနှင့် ပြဇာတ် ကပြဖျော်ခြင်း၊ ခရစ္စမတ်သီချင်းများ အတူတကွသီဆိုခြင်းတို့ကို ဆောင်ရွက်ကြပြီး သိက္ခာတော်ရဆရာမ ဒေါ်ခင်လေးမော်က အဆုံးသတ်ဆုတောင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်။

 

(သတင်းစဉ်)