၁ မေ

ဂျပန်ဧကရာဇ်အသစ် နာရူဟီတိုဟာ ဒီကနေ့ဗုဒ္ဓဟူးနေ့မှာ ခရစ်ဆန်သီမန် ထီးနန်း တရားဝင် ဆက်ခံခဲ့ပါတယ်။ မနေ့က ဖခင်ဖြစ်သူက ဧကရာဇ်တာဝန်ယူကို စွန့်လွှတ်အနားယူပြီး သားဖြစ်သူအိမ်ရှေ့မင်းသား နာရူဟီတိုက ဧကရာဇ်ရာထူးကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ 

 

0111

 

နှစ်ပေါင်း နှစ်ရာအတွင်းမှာ ဂျပန်ဧကရာဇ်တစ်ပါးက ရာထူးတာဝန်ကို စွန့်လွှတ်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာမှာ သက်တမ်းအရှည်ကြာဆုံးတော်ဝင်မိသားစုတွေက မိသားစုတစ်စုရဲ့ ဧကရာဇ်ရာထူးကို မနေ့က စွန့်လွှတ်ခဲ့တာဖြစ်ပြီး ဧကရာဇ်တာဝန်ဆက်ခံမယ့် နာရူဟီတိုက ဧကရာဇ်အသုံးဆောင်တွေဖြစ်တဲ့ ဓါးရှည်၊ ကျောက်သံပတ္တမြား၊ ထီးနန်းတံဆိပ်နဲ့ နိုင်ငံတော်တံဆိပ်တွေကို လက်ခံရယူခြင်းအားဖြင့် ထီးနန်းကို ဆက်ခံခဲ့တာဖြစ်ပါတယ်။ 

 

00112

 

တာဝန်ဆက်ခံခဲ့တဲ့ နာရူဟီတိုဟာ အင်္ဂါနေ့ ည ၁၂ နာရီထိုးပြီးတဲ့အချိန်မှ စတင်ပြီး ဂျပန်နိုင်ငံရဲ့ ဧကရာဇ် ဖြစ်လာတာဖြစ်ပြီး ဧကရာဇ်အသစ်ရဲ့ ခေတ်ကို  “ ရီဝါ” လို့ ခေါ်တဲ့ “လှပတဲ့အတိုင်အပေါက်ညီတဲ့ခေတ်” လို့ အဓိပ္ပါယ်သက်ရောက်တဲ့ ခေတ်ကိုရောက်ရှိပြီ ဖြစ်ပါတယ်။ 

 

00114

 

ဧကရာဇ်အသစ် နာရူဟီတိုဟာ လာမယ့်အောက်တိုဘာ၂၂ ရက်မှာ ဂျပန်ဓလေ့ထုံးစံအတိုင်း တိုကျိုရှိလမ်းမတွေပေါ်မှာလည်း မင်းခမ်းမင်းနားနဲ့ ထီးနန်းဆက်ခံတဲ့အခမ်းအနားကျင်းပမှာဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်းတွေနဲ့ တော်ဝင်မိသားစုက ဖိတ်ခေါ်ပြီး  ဧည့်ခံသွားမှာဖြစ်ပါတယ်။ 

 

0115

 

ဒီလကုန်မှာ ဧကရာဇ်အသစ်ဟာသူ့ရဲ့ နိုင်ငံခြားရေးဝန်ကြီးကို တွေ့ဆုံမှာဖြစ်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် ဂျပန်နိုင်ငံကို အလည်လာရောက်ရင်လည်း ဧကရာဇ်အသစ်ကို တွေ့ဆုံမှာဖြစ်ပါတယ်။ 

 

0166

 

နာရူဟီတို ရဲ့ ဖခင် ဧကရာဇ်ဟောင်းဟာ ဒီနှစ်ကုန်ပိုင်းမှာ နန်းတော်က ထွက်ခွာမှာလို့ သိရပါတယ်။ 

 

0117

 

ဂျပန်ထီးနန်းကို ဆက်ခံတဲ့ အောက်စဖို့ဒ်တက္ကသိုလ်ထွက် ဧကရာဇ် နာရူဟီတိုဟာ အသက် ၅၉ နှစ်ရှိပြီဖြစ်ပြီး သူဟာ ၁၂၆ ယောက်မြောက် ဂျပန်ဧကရာဇ်ဖြစ်လာပြီးဖြစ်ပါတယ်။ နာရူဟီတိုရဲ့ ကြင်ယာတော် ဘုရင်မ မာဆာကို ဟာလည်း ဟားဘတ်နဲ့ အောက်စဖိုဒ့်တက္ကသိုလ်ထွက် ပညာတတ်အမျိုးသမီးဖြစ်ပါတယ်။ ဂျပန်ဧကရာဇ်ရာထူးတာဝန်ကို အမျိုးသားများသာ ဆက်ခံခွင့်ရရှိမှာဖြစ်ပါတယ်။ သားယောက်ျားလေး မမွေးဖွားတဲ့အတွက် ဘုရင်မ မာဆာကိုမှာ စိတ်ပိုင်းဆိုင်ရာ ပူပန်မှုရှိခဲ့ပါတယ်။ သည့်အတွက်လည်း ပြီးခဲ့တဲ့ နှစ်ကလည်း ဆေးရုံတက်ခဲ့ရပါသေးတယ်။ 

နာရူဟီတို နဲ့ မာဆာကို တို့မှာ အသက် ၁၇ နှစ်အရွယ် အိုင်ကို ဆိုတဲ့ သမီး တစ်ယောက်သာ ရှိတဲ့အတွက် ထီးနန်းတာဝန်ကို ညီဖြစ်သူ ဖူမီဟီတိုဟာ အိမ်ရှေ့မင်းသားဖြစ်သွားပြီ ဖြစ်ပါတယ်။ ဖူမီဟီတိုမှာ သားတစ်ဦးရှိတဲ့အတွက် မင်းသား ဟီဆာဟီတိုဟာ ဒုတိယမြောက် ထီးနန်းဆက်ခံခွင့် ရှိသူဖြစ်လာတာကို တွေ့ရပါတယ်။ 

MDN
ကိုးကား - AFP