ဗန်ကောက် အောက်တိုဘာ ၁၂ 

 

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် တစ်နှစ်ကြာ နှောင့်နှေးကြန့်ကြာခဲ့ပြီးနောက် ကိုလံဘီယာ ရုပ်ရှင်ထုတ်လုပ်ရေးက ဖန်တီးပြုလုပ်ထားသည့် ရုပ်ရှင်များကို အခြေခံထားသော ကမ္ဘာ့ပထမဆုံး ရုပ်ရှင်ရုံပန်းခြံ (theme  park) ကို ထိုင်းနိုင်ငံ၌ ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

 

ပန်းခြံသို့ ပထမဆုံး လာရောက်လည်ပတ်သူများသည် “Columbia Pictures Aquaverse” ကို ဝင်ရောက်ကြည့်ရှုခဲ့သည်။

 

အသစ်ဖွင့်လိုက်သော ပန်းခြံသည် ထိုင်းနိုင်ငံအရှေ့တောင်ပိုင်းရှိ လူသိများကျော်ကြားသော ပတ္တယားကမ်းခြေ အပန်းဖြေစခန်းအနီး၌  တည်ရှိသည်။

 

ခရီးသွားကဏ္ဍရှိ ကျွမ်းကျင်သူများက Aquaverse သည် ခရီးသွားကဏ္ဍကို  ပြန်လည်ဆန်းသစ်အောင် ကူညီပေးလိမ့်မည်ဟု မျှော်လင့်ထားသည်။

 

ဆင်ဟွာ