၁၂ ဇွန်

 

ဉရောပသမဂ္ဂ(အီးယူ) က ကိုဗစ်-၁၉ ကန့်သတ်ချက်များ ဖယ်ရှားနိုင်သည့် နိုင်ငံများစာရင်းကို ပြုစုပြီး ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ ဉရောပပြင်ပ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ဖြည်းဖြည်းချင်း ရုပ်သိမ်းရန် အဖွဲ့ဝင် နိုင်ငံများအား အကြံပြုခဲ့သည်။

 

ဉရောပကော်မရှင် အဖွဲ့က ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များကို ဇွန် ၁၅ ရက်နေ့ထိ သက်တမ်းတိုးမြှင့်ရန် အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားသည်။

 

အီးယူပြည်ထဲရေး ကော်မရှင်နာ Ylva Johansson က အီးယူခရီးသွားများ ဝင်ရောက်ခွင့်ပြုခြင်း ရှိ၊မရှိ နှင့် နိုင်ငံအတွင်း ရောဂါကူးစက်မှု အပေါ်တွင် အခြေခံပြီး ၎င်းနိုင်ငံ၏ ကန့်သတ်ချက်များ ရုပ်သိမ်းရန် ဆုံးဖြတ်သင့်သည်ဟု ဆိုသည်။

 

အီးယူအဖွဲ့ဝင် နိုင်ငံများနှင့် ဆွေးနွေးပြီးလျှင် ကန့်သတ်ချက်များ ရုပ်သိမ်းမည့် နိုင်ငံများစာရင်း ရေးဆွဲပြုစုမည် ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသည်။

 

အဖွဲ့ဝင်နိုင်ငံများ အနေဖြင့် ဇွန်၁၅ ရက်နေ့မှ စတင်ကာ ပြည်တွင်းနယ်နိမိတ် ထိန်းချုပ်မှုများ ဖြေလျှော့ရန်လည်း အီးယူကော်မရှင်က အကြံပြုခဲ့သည်။

 

ခရီးသွားလုပ်ငန်းသည် ဉရောပသမဂ္ဂ၏ အဓိကကျသော လုပ်ငန်းတစ်ခု ဖြစ်ပြီး ထိုပမာဏသည် ဂျီဒီပီ၏ ၁၀ ရာခိုင်နှုန်းခန့်ရှိသည်။

 

ကိုဗစ်-၁၉ ကူးစက်မှုကြောင့် ထိခိုက်ခဲ့သည့် ခရီးသွားလုပ်ငန်းကို ပြန်လည်လုပ်ဆောင်ရန် နွေရာသီ အားလပ်ရက် မတိုင်မီ ခရီးသွားလာခွင့်ဆိုင်ရာ ကန့်သတ်ချက်များ လျှော့ချရန် တောင်းဆိုမှုများ မြင့်တက်လာသည်။

 

ကိုးကား-အန်အိတ်ချ်ကေ

ဘာသာပြန်-မြင့်မြင့်ချို