ကံမ မေ ၁၃
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် လေလံရောင်းချထားသည့် ကူးတို့လိုင်းများအနေဖြင့် ခရီးသွားပြည်သူများ ဘေးကင်းလုံခြုံစေရေးအတွက် ရာသီဥတု ဆိုးရွားချိန်တွင် ရေယာဉ်ကူးတို့လိုင်းများ ပြေးဆွဲခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္က ဦးဝင်းမြင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးမြင့်လှိုင်နှင့် ဝန်ထမ်းများက မေ ၁၃ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင် စက်လှေများပေါ်၌ သတ်မှတ်ထားသည့် အသက်ကယ်အင်္ကျီ၊ အသက်ကယ်ဘော၊ အသက်ကယ်ဝါးများ၊ မီးသတ်ဆေးဘူးများထားရှိရန်နှင့် ရေယာဉ်မောင်းနှင်ရာတွင် ကျွမ်းကျင်လုပ်သားများဖြင့်သာ မောင်းနှင်ကြရန်၊ ကူးတို့လိုင်းများ အနေဖြင့် ရာသီဥတုဆိုးရွားချိန်တွင် ရေယာဉ်ကူးတို့လိုင်းများ ပြေးဆွဲခြင်းမပြုရန် ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကျော်ဇေယျဝင်း(ကံမ)