ခရစ္စမတ်ကာလ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက်တွင် ခရီးသွားပြည်သူများ လာရောက်လည်ပတ်မှု များပြားသည့် အတွက် ကယားပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်တွင် ဆင်စီးလုပ်ငန်းလုပ်ကိုင်သူ အဆင်ပြေလျက် ရှိကြောင်း သိရသည်။
 

"ခရစ္စမတ်ကာလ ကျောင်းပိတ်ရက်၊ ရုံးပိတ်ရက် ကစပြီး အနယ်နယ်ရပ်ရပ်မှ ခရီးသွားပြည်သူများ ပိုမို လာရောက်လည်ပတ်တဲ့အတွက် ဆင်စီးတာ၊ အစားကျွေးတာ တစ်ရက်ကို ငွေကျပ် ငါးသောင်းလောက် ရတယ်၊ အဓိကတော့ ခရီးသွားပြည်သူများ လာရောက်လည်ပတ်တဲ့အပေါ် မူတည်တယ်၊ အရင်ရက်တွေဆို ပိုက်ဆံမရ တဲ့ရက်လည်း ရှိတယ်၊ "  ဟု ဆင်စီးလုပ်ငန်းလုပ်ကိုင်သူ ကိုဖိုးသား က ပြောကြားသည်။

ခရီးသွားပြည်သူများ ငွေတောင်ဆည်တွင် ဆင်စီးခြင်း၊ အစားကျွေးခြင်း၊ အမှတ်တရ ဓာတ်ပုံရိုက်ကူးခြင်းများကို ပိုမို စိတ်ဝင်စားလျက်ရှိပြီး ဆင်စီးရာတွင် လူကြီး ကျပ် ၃၀ဝ၀၊ ကလေး ၂၀ဝ၀ ကောက်ခံလျက်ရှိကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ဒါ့ပြင် ခရီးသွားကာလအတွင်း ဒီးမော့ဆိုမြို့နယ်တွင် အထင်ကရနေရာ များစွာရှိသည့်အနက် ထီးပွင့်ကန်၊ ကန်ခုနှစ်ဆင့်၊ ငွေတောင်ဆည်နှင့် ပန်ပက်ကျေးရွာတို့တွင် နေ့စဉ်နှင့်အမျှ အနယ်နယ်ရပ်ရပ်မှ ခရီးသွားပြည်သူများ ပိုမိုလာရောက်လည်ပတ်သည့်အတွက် ခရီးသွားလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေသော ဒေသခံပြည်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
 
 
ရီရယ်(ဒီးမော့ဆို)