၁၂ အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် အောက်တိုဘာ ၁၃ ရက် နံနက် ၆ နာရီမှစ၍ အမြန်လမ်းမကြီး မိုင်တိုင် (၀/၅) နှင့် (၀/၆)အကြား ရန်ကုန်-မန္တလေးသွားလမ်း၌ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအမံဖြင့် ရန်ကုန်တိုင်းဒေသကြီး နယ်မြေအတွင်းမှ အမြန်လမ်းမကြီးပေါ်သို့ တက်ရောက်လာသည့် ကုန်တင်ယာဉ်၊  ခရီးသည်တင်ယာဉ်နှင့် အိမ်စီး ကိုယ်ပိုင်ယာဉ်များအားလုံးမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ယာဉ်ပေါ်ပါသူအားလုံး COVID-19 ရောဂါပိုး မရှိကြောင်း ထောက်ခံစာပါရှိခြင်းရှိ မရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ထောက်ခံစာပါရှိသူများကို ဆက်လက်သွားလာစေမည်ဖြစ်ကာ ထောက်ခံစာမပါရှိသည့် ယာဉ်မောင်း၊ ယာဉ်နောက် လိုက်နှင့် ယာဉ်ပေါ်ပါရှိသူများအား ကျန်းမာရေးဝန်ထမ်းများ၏ စစ်ဆေးမှုခံယူပြီး COVID-19 ရောဂါပိုး မရှိကြောင်း စစ်ဆေးတွေ့ရှိမှသာ ထောက်ခံချက်ပေးပြီး ဆက်လက်သွားလာစေမည်ဖြစ်ကြောင်း သိရှိနိုင်စေရန်နှင့် လိုအပ်သည် များကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်စေရန် အသိပေးဖော်ပြအပ်ပါသည်။

 

အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံး