ခရီးသည်တစ်ဦးလျှင် ကျပ်ခုနစ်ထောင်နှုန်းဖြင့် တွံတေးအထူးခရီးစဉ် ပြေးဆွဲမည်

ရန်ကုန် ၃ ဇန်နဝါရီ  

 

ခရီးသည်တစ်ဦးလျှင် ကျပ် ၇ဝဝဝ နှုန်းဖြင့် ယခုလ ၅ ရက် နှင့် ၆ ရက် ရုံးပိတ်ရက်တို့တွင် Yangon Water Bus မှ တွံတေးအထူးခရီးစဉ်ကို ပြေးဆွဲမည်ဖြစ်ကြောင်း Yangon Water Bus  ၏ ထုတ်ပြန်ချက်အရ သိရသည်။

 

အဆိုပါထုတ်ပြန်ချက်တွင် ခရီးစဉ်ကို နံနက် ၉ နာရီတွင် ဗိုလ်တထောင်ဆိပ်ကမ်းမှ စတင်ထွက်ခွာမည်ဖြစ်ပြီး မွန်းလွဲ ၃ နာရီတွင် ပြန်လည်ဆိုက်ကပ်မည်ဖြစ်ရာ ခရီးစဉ်တစ်လျှောက်တွင် ရွှေဆံတော်ဘုရားနှင့် အိုးလုပ်ငန်းနှင့် ရက်ကန်းလုပ်ငန်းများကိုပါ ဝင်ရောက်လေ့လာမည်ဖြစ်ကြောင်း ပါရှိသည်။

 

ထို့အပြင် တစ်ဦးလျှင် မြန်မာကျပ်ငွေ ၇ဝဝဝ သာကျသင့်မည်ဖြစ်ပြီး နေ့လယ်စာ ထမင်းဘူး၊ လည်ပတ်ရန်ကားခ၊ ထိခိုက်မှု အာမခံ၊ ကော်ဖီနှင့် ရေသန့်ဘူးများ အစရှိသော ဝန်ဆောင်မှုများပါဝင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ကျော်ဆန်းမြင့် (ပြန်/ဆက်)