ခရီးသည်တင်ယာဉ် နောက်တာယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား

နေပြည်တော် ၁၈ မေ


မေ ၁၇ ရက် ည ၁၁ နာရီခွဲခန့်က ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး မိုင်တိုင်အမှတ် (၃၉/ဝ)ကြားတွင် ခရီးသည်ယာဉ်တစ်စီး နောက်တာယာ အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။


ဖြစ်စဉ်နှင့်ပတ်သက်၍ ဘောနတ်ကြီးအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့ရာ ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ရွှေပြည်သာမြို့နယ်နေ မျိုးအောင်နိုင် (၄၉)နှစ်မောင်းနှင်လာသော YGN 2I/×× ××EXPRESS ခရီးသည်တင်ယာဉ်သည် အခင်းဖြစ်နေရာအရောက် နောက်တာယာ အတွင်းဘက်ဘီး အပူလွန်ကဲရာမှတစ်ဆင့် မီးလောင်ကျွမ်းခဲ့သဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ မိနစ် ၂၀ ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး ယာဉ်၏နောက်တာယာဘီး(၂)လုံး မီးလောင်ဆုံးရှုံးခဲ့သောကြောင့် မျိုးအောင်နိုင်အား ဘောနတ်ကြီး အမြန်လမ်းမကြီးရဲစခန်း၌ ဥပဒေနှင့်အညီ အရေးယူထားကြောင်း သတင်းရရှိသည်။


MDN