ခရီးသည်တင်ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသော တရားမဝင်သစ်များ ဖမ်းဆီးရမိ

နေပြည်တော် ၂ မတ်

ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဘန့်ဘွေးရဲကင်း ရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ်သစ်တော ဦးစီးဌာနမှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ယမန်နေ့ ည ၇ နာရီခွဲခန့်က ဘန့်ဘွေးအိုရီယမ်တယ် တိုးဂိတ်အနီး၌ သက်သေများနှင့်အတူ ရှောင်တခင် ပိတ်ဆို့ရှာဖွေစစ်ဆေးစဉ် ခရီးသည်တင်ယာဉ်ဖြင့် သိုဝှက်သယ်ဆောင်လာသော တရားမဝင်သစ်များ ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

မန္တလေးဘက်မှ မူဆယ်ဘက်သို့ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှု(၁)၊ (၈)ရပ်ကွက်နေ ရဲမင်းနိုင် (၂၉)နှစ်မောင်းနှင်လာသည့် 8J/×××× Express အပြာရောင် ခရီးသည်တင်ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်ကြမ်းခင်းတွင် သိုဝှက်သယ်ဆောင်လာသော တရားမဝင် ပိတောက်ဓားရွေတုံး (၄၁)တုံး (သုည ဒသမ ၉၇၅၄)တန်အား တွေ့ရှိဖမ်းဆီးရမိခဲ့သဖြင့် အရေးယူပေးရန် တိုင်တန်းချက်အရ ရဲမင်းနိုင်အား နောင်ချိုမြို့မရဲစခန်း (ပ)၄၅/၂၀၁၉၊ သစ်တောဥပဒေပုဒ်မ ၄၂(က) ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရှိရသည်။

MDN