ဇူလိုင် ၂၀

ခရိုအေးရှားနိုင်ငံ၏မြို့တော်တွင် ယမန်နေ့မွန်းလွဲပိုင်းက အားကောင်းသောမုန်တိုင်းတိုက်မှုကြောင့် လူနှစ်ဦးထက်မနည်း သေဆုံးပြီး အခြား အများအပြား ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။

အဆိုပါအားပြင်းမုန်တိုင်းတိုက်မှုကြောင့် သစ်ပင်လဲကျသဖြင့် ဦးခေါင်းဒဏ်ရာများရရှိကာ နှစ်ဦးသေဆုံးသွားခဲ့သည်ဟု ခရိုအေးရှားသတင်းအေဂျင်စီက ဖော်ပြထားသည်။

ထိုမုန်တိုင်းတိုက်ခတ်မှုတွင် လူအများအပြားဒဏ်ရာရရှိခဲ့ရာ ထိုဒဏ်ရာရရှိသူများကို ဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ သည်ဟု သိရသည်။

လေပြင်းများတိုက်ခတ်မှုကြောင့် သစ်ကိုင်းများကျိုးကျကာသစ်ပင်များလဲကျခြင်းနှင့် အိမ်အမိုးများအဝေးသို့ လွင့်သွားခြင်းတို့ ဖြစ်ပေါ်ခဲ့သည်။

ထိုမြို့တော်အတွင်းရှိ လမ်းမများ ပိတ်ဆို့မှုဖြစ်ပွားကာ လျှပ်စစ်ဓါတ်အားများပြတ်တောက်ခဲ့ကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို