၁၅ သြဂုတ်


အင်အားပြင်းထန်သော အပူပိုင်းမုန်တိုင်းတစ်ခုသည် ဂျပန်နိုင်ငံအနောက်တောင်ပိုင်းတွင် ကြာသပတေးနေ့တွင် ဝင်ရောက်မည်ဟု မျှော်လင့်ရသည်။ မုန်တိုင်းကြောင့် မိုးသည်ထန်စွာ ရွာသွန်းခြင်းနှင့်  ပင်လယ်ပြင် လေပြင်းများတိုက်ခတ်နိုင်သည်ဟု ဆိုသည်။


ပင်လယ်ပြင်တွင် လေပြင်းများတိုက်ခတ်ခြင်းနှင့် မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသအရာရှိများက သတိပေးလျက်ရှိသည်။ 


ခရိုဆာအမည်ရှိမုန်တိုင်းသည် ကြာသပတေးနေ့ နံနက် ၁၀ နာရီအချိန်တွင် အီမဲစီရင်စုအတွင်းရှိ အူဝါဂျီမာမြို့၏ တောင်-အနောက်တောင်ဘက် ကီလိုမီတာ ၄၀ အကွာတွင် တည်ရှိနေကြောင်း မိုးလေဝသဌာနမှ တာဝန်ရှိသူများက ခန့်မှန်းထားကြသည်။


မုန်တိုင်း၏ လေတိုက်နှုန်းသည် တဖြည်းဖြည်းချင်း မြောက်ဘက်သို့ ရွေ့လျားနေကြောင်း အဆိုပါ မိုးလေဝသဌာနက ပြောကြားသည်။


ရှီကိုကူကျွန်းသို့ နီးကပ်လာပြီဖြစ်ကြောင်း ၎င်းတို့က ပြောကြားသည်။အဆိုပါ မုန်တိုင်းသည် ကြာသပတေးနေ့တွင် ဂျပန်နိုင်ငံအနောက်ပိုင်းသို့ ဖြတ်သန်းသွားမည်ဟု ၎င်းတို့က ထပ်လောင်းပြောကြားခဲ့သည်။  


ရှီကိုကူနှင့် ကျူရှူးကျွန်းတို့၏ အချို့နေရာများတွင် လေပြင်းများ စတင်တိုက်ခတ်လျက်ရှိကြောင်း အဆိုပါ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ 


ရှီကိုကူအတွင်းရှိ တိုကီနှင့် ကင်ကီတို့တွင် သောကြာနေ့ နံနက်ပိုင်းမှ စပြီး  ၂၄နာရီအတွင်း မိုးရေချိန် ၅၀ဝမှ ၈၀ဝမီလီမီတာအတွင်း ရောက်ရှိမည်ဟု မျှော်လင့်ရသည်။ 


ကိုချီ၊ အီမဲ၊ တိုကူရှီမား၊ နာရာနှင့် အိုတာစီရင်စုတို့တွင် မိုးရွာသွန်းခြင်းကြောင့် မြေပြိုမှုများ ဖြစ်ပေါ်နိုင်ကြောင်း မိုးလေဝသတာဝန်ရှိသူများက သတိပေးလျက်ရှိသည်။ 


ခရိုဆာမုန်တိုင်းသည် ဂျပန်နိုင်ငံ အနောက်ပိုင်း နှင့် ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းတွင် လေပြင်းများ တိုက်ခတ်လျက်ရှိသည်ဟု ဆိုသည်။


မုန်တိုင်းကို အန္တရာယ်အဆင့် ၄ အဖြစ် သတ်မှတ်ထားပြီး အဆိုပါ ဒေသရှိ ဒေသခံများကို ဘေးကင်းရာသို့ အလျင်အမြန်ပြောင်းရွေ့ကြရန်နှင့် ထိုဒေသတွင် နေထိုင်သည့် အိမ်ထောင်စု ၂၇၀ဝ၀ဝ သို့မဟုတ် နေထိုင်သူ ၅၈၀ဝ၀ဝတို့ကို အဆိုပါ ဒေသမှ ပြောင်းရွေ့ကြရန် အကြံပေးလျက်ရှိသည်။ 


ကိုးကား-အန်အိတ်ချ်ကေ


ဘာသာပြန်-မေဇော်ထက်

 

2