မိုးညှင်း ၂၅ ဖေဖော်ဝါရီ
မိုးညှင်းခရိုင်အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား ဒေသတွင်း(အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက မိုးညှင်းဒီဂရီကောလိပ်(အားကစားခန်းမ)၌ ကျင်းပရာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီးအောင်ဇော်က အမှာစကားပြောကြားခဲ့သည်။
ဘော်လီဘောပြိုင်ပွဲတွင် ဒေသအတွင်းရှိ အမျိုးသားအသင်း ၇ သင်းနှင့် အမျိုးသမီးအသင်း ၆ သင်းတို့သည် အုပ်စု ပတ်လည်စနစ်ဖြင့် မတ်လ ၁ ရက်နေ့အထိယှဉ်ပြိုင်သွားကြမည်ဖြစ်ပြီးယနေ့နံနက်ပိုင်းတွင် အုတ်ကျင်းရပ်ကွက်အသင်းနှင့် အရှေ့စုရပ်ကွက်အသင်းတို့ အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။
ပြိုင်ပွဲဝင်အမျိုးသားအသင်းများအနေဖြင့် အုတ်ကျင်း၊ ရွာသစ်ကုန်း၊ အရှေ့စု၊ ဒီဂရီကောလိပ်၊ ဟိုပင်၊ နန်းမား၊ အောင်သပြေစသည့် အသင်းများပါဝင်၍ အမျိုးသမီးအသင်းများအဖြစ် ဒီဂရီကောလိပ်၊ ဓာတုဗေဒ(က)၊ ဓာတုဗေဒ(ခ)၊ ရွာသစ်ကုန်း၊ နားခါ၊ အုတ်ကျင်းအသင်းများပါဝင်မည်ဖြစ်ပြီး ပြိုင်ပွဲ ၁ ရက်လျှင် အမျိုးသားပွဲစဉ် ၃ ပွဲနှင့် အမျိုးသမီးပွဲစဉ် ၂ပွဲ ယှဉ်ပြိုင်ကစားသွားကြမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ခရိုင် ပြန်/ဆက်