တာချီလိတ်  ၃  စက်တင်ဘာ 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး တောင်သူ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ  ရာသီဥတုပြောင်းလဲမှုကြောင့် သီးနှံများတွင် ပိုးမွှားကျရောက်မှု ကာကွယ်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ခရိုင်အဆင့် ဘက်စုံအဆင့်မြင့်နည်းပညာသုံး စံပြ ကျေးရွာဖြစ်သည့် ယမန်နေ့မွန်းလွဲပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးလှဝင်းက ပိုးမွှားရောဂါဆိုင်ရာများ၊ ကြွက်နှင့် အာဟာရဓါတ်ချို့တဲ့မှု လက္ခဏာများကို စနစ်တကျ ခွဲခြားပြသခြင်း၊ တောင်သူများကြုံတွေ့နေရသည့် စိုက်ခင်းများတွင် ဆောင်ရွက်နိုင်သည့် နည်းလမ်းများကို ရှင်းလင်းဆွေးနွေးသည်။ 


ယင်းနောက် ဒေသခံတောင်သူများက မိမိတို့လယ်မြေတွင် စိုက်ပျိုးထားသည့် စပါးပင်များ ယူဆောင်လာပြီး  ပိုးမွှားရောဂါ ကျရောက်မှုရှိ/မရှိ၊ အာဟာရဓာတ်ချို့တဲ့မှုများနှင့် ရေလုံလောက်မှုရှိ/မရှိနှင့် စိုက်ခင်းများတွင် ကြွက်ကျရောက်မှု ကြိုတင်ကာကွယ် နှိမ်နှင်းနည်းများကို မေးမြန်းဆွေးနွေးရာ ခရိုင်သီးနှံကာကွယ်ရေး တာဝန်ခံ ဦးခင်မောင်ထူး၊ တာလေမြို့ဦးစီးမှူး ဦးနေလင်းနှင့် ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးသည်။


အဆိုပါ အသိပညာပေးဆွေးနွေးပွဲသို့ တောင်သူ ၆၀ ကျော်တက်ရောက်ပြီး ပိုးမွှား ကျရောက်နေသည့် စိုက်ခင်းများအတွက် ပိုးသတ်ဆေးများ၊ကြွက်သတ်ဆေးများ နှင့် အပင်အားတိုးဆေးများအား အခမဲ့ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။


ဖြိုးလေး(တာချီလိတ်)

 

mdn