ခရမ်း ၂၉ ဒီဇင်ဘာ

 

ခရမ်းမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတို့မှ ကျောင်းသား ကျောင်းသူဟောင်းများက ဦးဆောင်၍ (၂၈) ကြိမ်မြောက် မြတ်ဆရာပူဇော်ပွဲကို ယနေ့ နံနက်ပိုင်းက ခရမ်းမြို့ရှိ သကျမာရဇိန် သွန်းဘုရားကြီး ဓမ္မဗိမ္မာန်တော်ကြီး၌ ကျင်းပသည်။

 

ရှေးဦးစွာ ကျောင်းသား ကျောင်းသူဟောင်းများက မြတ်ဆရာ သီချင်းဖြင့် သီဆိုပူဇော်ပြီး အသက် (၈၀) အထက် ဆရာကြီးများအား သက်ငယ်ဆရာများနှင့် ကျောင်းသား ကျောင်းသူဟောင်းများက ပူဇော်ကန်တော့သည်။

 

ထို့နောက် အသက် (၇၅) နှစ်အထက်၊  အသက် (၇၀) နှစ်အထက်၊ အသက် (၆၀) နှစ် အထက် ဆရာကြီးဆရာမကြီးများအား ကျောင်းသားကျောင်းသူဟောင်းများက ပူဇော်ကန်တော့ကြသည်။

 

ယင်းနောက် အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအား ပူဇော်ပစ္စည်းများကို လက်ရောက် ပေးအပ်ကြပြီး ဆရာကြီး ဆရာမကြီးများကိုယ်စား ဆရာကြီး ဦးမြသန်းက သြဝါဒစကား ပြောကြားခဲ့သည်။

(ခရမ်းစိုးမြင့်)