ခရမ်း ၆ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို မြို့နယ်နေပြည်သူများမှ အစားအသောက်များ၊ ကျန်းမာရေးသုံးပစ္စည်းများ၊ ကာကွယ်ရေးပစ္စည်းများအား နေ့စဉ်လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရှိရသည်။
ခရမ်းမြို့နယ်တွင် positive လူနာ (၈၇)ဦးအထိ ရှိနေပြီး ၎င်းတို့နှင့် ထိစပ်သူများအား ခရမ်းမြို့ မိုးကုတ်ရိပ်သာ၊ အောင်ဓမ္မရိပ်သာ မဟာစည်သပြေကုန်း ရိပ်သာနှင့် ခရမ်းမြို့အ ထ က( ၂ )မြို့မ ကျောင်းတို့တွင် Facility Quarantine Centre များဖွင့်လှစ်၍ ကာကွယ်ထိန်းချုပ် ကုသပေးလျက်ရှိပြီး အဆိုပါ စခန်းများနှင့် မြို့နယ်ပြည်သူ့ ဆေးရုံအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံး ပစ္စည်းများကို မြို့နေပြည်သူများက လာရောက်လှူဒါန်းလျက်ရှိရာ ခရမ်းမြို့နယ် ပညာအားမာန် အောင်မြင်သူများ ပရဟိတအဖွဲ့မှ KN 95 mask (၅၀၀) နှင့် Surgical gowns (၁၀)စုံ၊ ခရမ်းမြို့အမှတ်(၈) ရပ်ကွက်နေ ဦးတင်မောင်+ဒေါ်ကြည် မိသားစုတို့မှအလှူငွေ (၂)သိန်းကျပ်နှင့် PPE ဝတ်စုံ (၁၀)စုံ၊ စွယ်တော် ဆေးဆိုင်မှ Surgical gowns (၅၀) စုံနှင့် ခရမ်းမြို့နယ်အသင်း(ရန်ကုန်) အသင်းနာယက ဦးသန်းလွင်+ဒေါ်တင်တင်မိသားစုမှ PPE ဝတ်စုံ (၁၀၀)နှင့် KM 95 mask (၁၀၀)တို့အား လာရောက် လှူဒါန်းကြရာ ခရမ်းမြို့နယ် ဆရာဝန်ကြီး ဒေါက်တာခင်မောင်ရင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက လက်ခံယူခဲ့ကြကြောင်း သိရသည်။
ကိုမင်း (ခရမ်း)


