ခရမ်း   ၁၈   နိုဝင်ဘာ

 

ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၀ ပြည့်နှစ်အတွက် ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို နိုဝင်ဘာလ ဒုတိယပတ်မှစတင်၍ ဒေသနေ စိုက်ပျိုးရေး တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

 

ဆောင်းရာသီ သီးနှံစိုက်ပျိုးစရိုက်များကို ခရမ်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများမှ ပဲမျိုးစုံ ၊နေကြာ၊ မြေပဲ စသည့်သီးနှံများစိုက်ပျိုးရန်အတွက် ခရမ်းမြို့နယ် ကျေးရွာအုပ်စု(၅၃)အုပ်စုမှ တောင်သူ ၁၃၆၀၀ ၏ လယ်ယာမြေဧကစုစုပေါင်း (၉၁၅၀၀)အတွက် တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် သန်း ၉၀၁၅ သန်းအား လျာထားချက်နှင့် အညီထုတ်ချေးပေး လျက်ရှိပြီး ကျန်ရှိ နေသည့် ရပ်ကွက်/ကျေးရွာများမှ ဆောင်းရာသီ သီးနှံစိုက်ပျိုး တောင်သူများအား စိုက်ပျိုးချိန်အမီ ဆက်လက် ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းမြိုနယ်မန်နေဂျာ ဦးဝင်းလိူင်ထံမှ သိရသည်။

 

စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာ ကွယ်ရေးနည်းလမ်းများနှင့်အညီစနစ်တကျ ထုတ်ချေးပေးလျက်ရှိကြောင်းလည်း သိရသည်။

 

ယနေ့နံနက် ၉ နာရီက ခရမ်းမြို့နယ် သပြုကန်ကျေးရွာအုပ်စုမှ တောင်သူလယ်သမား (၂၈၄)ဦးတို့၏ လယ်ယာမြေဧက ၁၈၃၀  အတွက် ချေးငွေကျပ်သိန်း(၁၈၃၀)  အား ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် စည်းကမ်းချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ပြီး ကျန်ရှိ ကျေးရွာများကိုလည်း ဆက်လက်ထုတ်ချေး ပေးသွာမည်ဖြစ်ကြောင်း ခရမ်းမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးဝင်းလိူင်ထံမှသိရှိရသည်။

 

ကိုမင်း (ခရမ်း)