ခရမ်း၊ ၃၁ ဒီဇင်ဘာ
ရန်ကုန်တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်သည် ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမျိုးတင့်နှင့် ဝန်ထမ်းများလိုက်ပါလျက် ဒီဇင်ဘာ ၃၀ ရက်က ခရမ်းမြို့နယ်အတွင်းရှိ အမှန်တကယ်ငါးမွေးမြူခြင်း မရှိတော့သည့် ငါးမွေးကန်များအား စာရင်းမှ ပယ်ပျက်စာရင်း တင်ပြနိုင်ရေးနှင့် အမှန်တကယ် ငါးမွေးမြူလျက်ရှိသည့် ငါးမွေးကန်များ ဧက မှန်ကန်ရေး၊ နိုင်ငံတော်မှ ထောက်ပံသည့် CERP အစီအစဉ်အရ ဖြန့်ဝေထားသော ငါးများရှင်သန်နှုန်းနှင့် ကြီးထွားနှုန်းများကို ခရမ်းမြို့နယ် အုပ်ဖိုကျေးရွာနှင့် ကမာမတ်ကျေးရွာအတွင်းရှိ ငါးမွေးတောင်သူများထံ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ထိုသို့ စစ်ဆေးရာတွင် ပေးအပ်ခဲ့သည့် ငါးများမှာ ရှင်သန်နှုန်းကောင်းမွန်ပြီး ငါးမြစ်ချင်းငါးများ၏ အရွယ်အစားမှာ ၄ လက်မ၊ ၅ လက်မ၊ ၆ လက်မ အရွယ်အစားရှိကြောင်း သိရသည်။
(သတင်းစဉ်)


