ခရမ်း ဇွန် ၇
ရန်ကုန်တိုင်းဒေသကြီး ခရမ်းမြို့နယ်၌ စိုက်ပျိုးရေးဦးစီးဌာနက တောင်သူနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ကရင်စုကျေးရွာရှိ တောင်သူများအား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဌေးမောင်က မိုးစပါးစိုက်ပျိုးရေးဆိုင်ရာ နည်းလမ်းကောင်းများနှင့် စပါးပန်းတိုင်အထွက်နှုန်း ရရှိရေးတို့ကို ပညာပေးဆွေးနွေးခဲ့ပြီး မြို့နယ်မြေအသုံးချရေးတာဝန်ခံက သစ်စိမ်းမြေဩဇာစိုက်ပျိုးခြင်း၏ အကျိုးကျေးဇူးများနှင့် စူပါဘိုကာရှီ မြေဆွေးပုံပြုလုပ်ခြင်းတို့အား လက်တွေ့သရုပ်ပြသခဲ့သည်။
ထို့နောက် မြို့နယ်မျိုးစေ့တာဝန်ခံက စပါးမျိုးစေ့ ဆားရေစိမ်နည်းနှင့် ဆားရေစိမ်ခြင်း၏ အကျိုးကျေးဇူးများ၊ ငွေနှင်းမှို၊ ကောက်ရိုးမှိုစိုက်ပျိုးနည်းစနစ်များအား အသိပညာပေးဆွေးနွေးပြီး မြို့နယ်သီးနှံကာကွယ်ရေးတာဝန်ခံက ဖြုတ်ပိုးကာကွယ်နှိမ်နင်းခြင်းနှင့် IPM နည်းစနစ်များကို တောင်သူများအား အသိပညာပေးဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ခင်နှင်းဝေ (ပြန်/ဆက်)


