နေပြည်တော် ၁၅ ဇန်နဝါရီ
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ ဘုရားပျိုကျေးရွာ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနေအိမ်၌ ယနေ့နံနက်ပိုင်းတွင် ဘုရားပျိုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များက မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲ ကျင်းပသည်။
အဆိုပါဟောပြောပွဲ၌ ဘုရားပျိုနယ်မြေရဲစခန်းမှူးရဲအုပ် သူရထွန်းဦးစီးသည့် တပ်ဖွဲ့ဝင်များက ကျေးရွာနေပြည်သူများအား မှုခင်းကျဆင်းရေး၊ သက်ငယ်မုဒိမ်းမှု မဖြစ်ပွားစေရေး မိဘအုပ်ထိန်းသူများ သိသင့်သိထိုက်သည့်အချက်များ၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းဆိုင်ရာ သိသင့်သိထိုက်သည့် အချက်များအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
MDN
Source: ရဲပြန်ကြား


