ခရမ်း  ၁၀  ဇန်နဝါရီ 


ရန်ကုန်တောင်ပိုင်းခရိုင် ခရမ်းမြို့နယ်အတွင်း စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော အစားအသောက်/ ထုတ်ကုန်နှင့် ဝန်ဆောင်မူများ လုံခြုံစိတ်ချမှုရှိစေရန်အတွက် မြို့နယ်အတွင်းရှိ ထုတ်ကုန်လုပ်ငန်းရှင်များနှင့် ဖြန့်ဖြူးရောင်းချသူများအား အသိပညာပေးဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ခရမ်းမြို့နယ် ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ မွန်မြတ်မေတ္တာခန်းမတွင် ကျင်းပခဲ့သည်။

အခမ်းအနားတွင် ရန်ကုန်တောင်ပိုင်းခရိုင် စားသုံးသူအငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့ အတွင်းရေးမှူး စားသုံးသူရေးရာ ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးရွှေဖြူမှ စားသုံးသူပြည်သူများ ဘေးအန္တရာယ်ကင်းသော အစားအသောက်ထုတ်ကုန်နှင့် ဝန်ဆောင်မူများ လုံခြုံစိတ်ချမူရှိစေရေးနှင့် စားသုံးသူများ၏ အခွင့်အရေး၊ စားသုံးသူများ၏ တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေများနှင့် အငြင်းပွားမှုများ ပေါ်ပေါက်သည့်အခါ ဆောင်ရွက်ရပုံများကို အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်သူများမှ သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့သည်။ 


အခမ်းအနားသို့ ခရမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစောသူရိန်၊ မြို့နယ်အထွေထွေအုပ်ချူပ်ရေး ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲနုဝါစောနှင့် ဌာနဆိုင်ရာများ၊ ခရမ်းမြို့နယ်အတွင်းမှ ဈေးသည်များ၊ ဆေးမျိုးစုံနှင့် အခြားကုန်မျိုးစုံ ရောင်းချသူများနှင့် ဈေးသူ ဈေးသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုမင်း(ခရမ်း)

 

ာိည